Preview

စစ်ကောင်စီက ဗုံးကြဲ၍ သံတွဲ အထက၂ စာသင်ကျောင်းထိခိုက် ပျက်စီး

ဇူလိုင် ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :3686
ရခိုင် သတင်း

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၄


သံတွဲမြို့အနှံ့ကိုဇူလိုင်၁၁ရက်နေ့ညနေကနေညသန်းခေါင်ထိစစ်ကောင်စီမှလေယာဥ်ဖြင့်ဗုံးကြဲခဲ့သောကြောင့်သံတွဲမြို့အထက၂ကျောင်းအပါအဝင်တချို့နေရာများထိခိုက်ပျက်စီးမှု တချို့ရှိကြောင်းဒေသခံများထံမှသိ၇သည်။

 

“ ညနေပိုင်းကလေယာဉ်နဲ့ဗုံးကြဲတာပါ။ညဘက်အထိ ကြဲတုန်းပါပဲ။အမှတ်၂ကျောင်းကတော့တော်တော်ထိခိုက်ပျက်စီးသွားတယ်။တချို့မြို့ထဲတွေကိုကျတာလည်းရှိတယ်။ဒိုးတောင်ကိုလည်းကျတယ်။အိမ်အပျက်အစီးတွေလည်းရှိတယ်။မြို့ထဲနဲ့တချို့နေရာတွေကိုအလွယ်တကူ သွားလို့ မရတော့အတိအကျမသိ၇သေးဘူး။အထက၂က ဒွာ၇၀တီမြို့သစ်ဆီအုံးခြံနားမှာရှိတာ။ အနီအနား ပြည်သူတွေ ထွက်ပြေးကြ၇ပြီ” ဟု သံတွဲဒေသခံတစ်ဦးကပြောသည်။

 

ဇူလိုင်လ ၁၂ ရက်နေ့မနက်ပိုင်းတွင်သံတွဲမြို့ရှိနေရာတချို့တွင်ပြည်သူများအသွားအလာ နည်းပါးနေပြီး ဒွာရာ၀တီမြို့သစ်တံတားနှင့်သံတွဲအကျဉ်းထောင်အနီတဝိုက်တွင်စစ်ကောင်စီမှအင်အား ဖြည့်ထားကြောင်းသိ၇သည်။




 

သံတွဲမြို့နယ်ရှိ ပဒဲကောရွာကိုလည်းဇူလိုင်၁၁ရက်နေ့နံနက်၈နာရီကျော်ကစစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့်သက်ကြီးအမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိ၇သည်။

 

ရွာအဝင်၀ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး၅၀ကျော်အမျိုးသမီးတစ်ဦးသေဆုံးကာရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းသိ၇သည်။

 

သံတွဲမြို့ကိုအာရက္ခတပ်တော်မှမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီးစစ်ကောင်စီအနေနဲ့သံတွဲ အကျဥ်းထောင်၊သူခိုးစမ်းနှင့်အခြားတောင်ထိပ်တစ်ခုတွင်လက်နက်ကြီးတပ်ဆင်ကာခုခံနေကြောင်းသိ၇သည်။

 

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့သံတွဲအခြေစိုက် တပ်ရင်းများထဲက နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်သည့်  ခလ၇ (၅၅) တပ်ရင်းကိုဇူလိုင်လ (၉) ရက်၊ မနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင်  အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

 

သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သောခမ၇(၅၆၆)အားဇွန်လ(၂ရ)ရက်၊ညနေ(၅)နာရီ(၃၀)မိနစ်တွင်အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင်ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊စစ်ကူ လာပေးသောရန်သူများနှင့်သံတွဲမြို့ထဲမှလက်ကျန်ရန်သူများသည်သံတွဲမြို့နှင့်သံတွဲမြို့အနီးပတ်ဝန်းကျင်မှခုခံစစ်များကိုဆင်နွှဲရန်ပြင်ဆင်နေသောကြောင့်သံတွဲမြို့တစ်ခုလုံးအားအပြီးသတ်သိမ်းပိုက်ရယူနိုင်မည့်ထိုးစစ်များကိုဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်ကြောင်းအာရက္ခတပ်တော်မှဇူလိုင်၁၁ရက်တွင်ထုတ်ပြန်ထားသည်။

 

ပုံစာ- စစ်ကောင်စီဗုံးကြဲသောကြောင့်ပျက်စီးသွားသော သံတွဲ အထက ၂ အားတွေ့၇စဉ်။ဓာတ်ပုံ-ပေးပို့

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.