Preview

မောင်တော အောင်ဗလရွာမှ ဒေသခံ ၄ ဦး သတ်ဖြတ်ခံရဟု သတင်းထွက်ပေါ်

ဇူလိုင် ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :2267
ရခိုင် သတင်း

(ကျေးရွာသားတချို့လည်း အဖမ်းခံထားရပြီး နေအိမ်များဆက်လက်မီးရှို့ခံနေ၇ဟုဆို)

နောင်မင်းသူ၊နိရဉ္စရာ၊ ဇူလိုင် ၁၂ /၂၀၂၄

တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ရခိုင်ပြည် အနောက်ဘက်နယ်စပ်မြို့မောင်တော၊ ရွှေဇားကျေးရွာ အုပ်စု၊ အောင်ဗလ(ရခိုင်)ရွာမှဒေသခံရွာသား ၄ ဦးအားစစ်ကောင်စီပစ်သတ်လိုက်ပြီး ကျေးရွာသား တချို့ကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

သတ်ဖြတ်ခံ၇သူ ၄ ဦးအထဲတွင် ခင်မောင်ချေ (၃၅) နှစ် (ဘ) ဦးထွန်းသာမောင်နှင့်မိုးကုတ်တို့ ပါဝင်သည်ဟု  အောင်ဗလကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးကနိရဉ္စရာကို ပြောသည်။

"ပစ်သတ်ခံရတာ လေးဦးရှိတယ်လို့သိရတယ်။ အတိအကျနာမည်၇တာကထွန်းသာ မောင်သား ခင်မောင်ချေ (၃၅)နှစ်လို့သိရတယ်။ နောက်တစ်ယောက်က မိုးကုတ်ဆိုသူလို့တော့သိရတယ်။ ဒါပေမယ့်  အတိအကျ မပြောနိုင်သေးဘူး။ နောက်ပစ်သတ်ခံရတဲ့သူတွေနာမည်လည်း အတိအကျ မရသေးဘူး။ ရွာကလူတွေအားလုံး ထွက်ပြေးသွားပြီ။ ဖုန်းဆက်လို့လည်းမရဘူး။  ကျွန်မလည်းရွာကို ပြန်လို့မ၇တောဘူး" ဟု သူမကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ၎င်းတို့ သင်တန်းပေးထားသောမွတ်ဆလင်လက်ကိုင် အင်အား ၁၀၀ ကျော်ခန့်သည် အောင်ဗလကျေးရွာထဲကို ဇူလိုင် ၁၁ ရက် နံနက်၁၀ နာရီခန့်တွင် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့သလို ရွာထဲ၌ ထွက်မပြေးနိုင်သည့်ကျေးရွာသားများကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိ၇သည်။ 

ဒေသခံတစ်ဦးက"မနေ့က ရွာသား ၁၅ ဦးကိုဖမ်းဆီးပြီး ၄ ဦးကိုပစ်သတ်လိုက်တယ်လို့သိရတယ်။ မနေ့ကနေအိမ်တွေကို မီးရှို့တယ်။ မိုးရွာနေတော့ နေအိမ် ၅ ဆောင်မီးလောင်သွားတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်နဲ့ နောက်နေအိမ်တွေကိုမီးရှို့နေတယ်။ရွာက တက်လာတဲ့မီးခိုးလုံးတွေကိုမြင်နေတယ်"ဟုပြောကြားသည်။

ဇူလိုင် ၁၂ ရက် ယနေ့ နေ့လယ် ၁၂ နာရီခန့်၌ အောင်ဗကျေးရွာအားစစ်ကောင်စီတပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အပါအဝင် နေအိမ်များအား ထပ်မံမီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိ၇သည်။

ဇူလိုင်လ ၁၀ ရက်ယနေ့ ည ၆ နာရီ ၃၀ ခန့် တွင်စစ်ကောင်စီနှင့် AA တို့ အောင်ဗလ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင်စစ်ကောင်စီတပ် မှ အောင်ဗလ ကျေးရွာရှိနေအိမ်များအားမီးရှို့ကာ ဒေသခံရွာသား ၁၅ ဦးအား ဖမ်းဆီးပြီးစစ်ဆေးခဲ့သည်ဟုဆိုသည်။

ထိုအထဲက ကျေးရွာသား ၄ ဦးကို ပစ်သတ်ကာကျန်လူအချို့အား လွတ်ပေးခဲ့သလို ဖမ်းဆီး ခံထားရသူများလည်း ကျန်ရှိနေသေးကြောင်းဒေသခံများထံမှသိ၇သည်။

ဖမ်းဆီးခံ၇သူများမှာ ခင်မောင်ချေ၊မိုးကုတ်၊ငြိမ်းချမ်းအောင်၊ သန်းမောင်၊ ဦးကျော်စိန်၊ ကျော်နိုင်၊ ဦးလှကျော်၊ ဘထွန်း၊ကျော်အေးနှင့် မောင်လှကျော်(အစ်ကို)ဖြစ်သူတို့အပါအဝင် ၁၅ ဦးဖြစ်ပြီးထိုအထဲက  ခင်မောင်ချေ၊မိုးကုတ် အပါအဝင် ၄ဦးအား သတ်ဖြတ်ပြီး အချို့အားလွတ်ပေးလိုက်ကာ တချို့အား ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

ဘထွန်း၊ကျော်အေးအပါအဝင် လွတ်ပေးလိုက်သူများရှိပြီး ဆက်လက် ဖမ်းဆီး ထားသူများလည်းရှိနေသေးကြောင်းဒေသခံများထံမှသိ၇သည်။

ယခုကဲ့သို့ ကျေးရွာသား ၄ ဦးသတ်ဖြတ်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်းအာရက္ခတပ်တော် တာဝန်ရှိသူများမှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီ တာဝန်ရှိသူများအားမေးမြန်း၍ မရသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာ ၌ အိမ်ခြေ ၁၂၇ အိမ်၊လူဦးရေ ၈၀၀ ခန့်နေထိုင်ကြပြီးငါးလုပ်ငန်းနှင့် ငပိလုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း သိ၇သည်။

မောင်တောမြို့တွင်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက်  အောင်ဗလကျေးရွာမှ ဒေသခံအများစုမှာ စစ်ပြေးရှောင်သွာခဲ့ကြလိုကျန်လူ ၄၉ ဦးမှာ တစ်နေ့လုပ်မှတစ်နေ့စားကြရသည့်  ဆင်းရဲနွမ်းပါးသူများဖြစ်သည့် အတွက်စစ်ဘေးမရှောင်ဘဲရွာထဲတွင်ပိတ်မိကျန်နေခဲ့ကြသူများ ဖြစ်ကြောင်း ရွာခံသားများ ထံမှ တဆင့်သိ၇သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များမှာ အောင်ဗလ ဘုန်းတော်ကြီးကျောင်းနှင့်ရွှေဇားဂုံးနားကျေးရွာရှိ မွတ်ဆလင်နေအိမ်များ၌ စခန်းချနေရာယူထားကြပြီး နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွါးလျှက် ရှိနေကြောင်း သိ၇သည်။

(ပုံစာ- တိုက်ပွဲကြောင့် ဇွန်လအတွင်းက ထွက်ပြေးနေကြသည့် မောင်တော ဒေသခံများ/ပုံဟောင်းသာ)

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.