လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၄
၇ခိုင်ပြည် သံတွဲမြို့နယ် သံတွဲအကျဥ်းထောင်တွင် ဇူလိုင် ၁၁ရက်ညနေက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်တွင်အကျဥ်း ကျခံနေရသောဂွမြို့မှ အမျိုးသမီးနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူ အမျိုးသမီးနှစ်ဦးမှာ ဒေါ်နွယ်နွယ် (၃၈) နှစ်နှင့်နောက်ထပ်အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
၎င်းတို့ နှစ်ဦးသည် တစ်ခြားထောင်သားအချို့နှင့် အတူ ထောင်မှ လွှတ်ပေးလိုက်စဉ်ထောင်ဗူး၀ အရောက်တွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်းဂွမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။
“ ပစ်ခတ်မှုဖြစ်တာတော့မနေ့ကနေအခုထိပဲ။ ကျွန်တော်တို့ကိုအလောင်းကောက်ဖို့
၎င်းအလောင်းနှစ်လောင်းကို ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းထိ ကောက်ယူရန် ခက်ခဲနေကြောင်း ဒေသခံများထံမှသိ၇သည်။
သံတွဲအကျဥ်းထောင်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီးနောက် စစ်ကောင်စီက(AA နှင့် ဆက်စပ်သူများမှအပ) ကျန် ကျန်အကျဥ်းများကိုလွှတ်ပေးခဲ့သည်ဟု ဆိုသည်။
အဆိုအ အထဲတွင် ယခုသေဆုံးသွားခဲ့သည့်အမျိုးသမီး ၂ဦးပါဝင်ကြောင်းဒေသခံများကဆို
“ထောင်ကိုဗုံးကျတယ်။ အဲ့ဒါမှာ တစ်ချို့ ထောင်သားတွေ လွ
သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီတပ်သားများ နေရာယူထားပြီး လက်နက်ကြီး အထိုင်ချကာ ဗျူဟာမှူးတစ်ဦးက ကွပ်ကဲနေသော်လည်း စစ်ရေး အခြေအနေမကောင်း၍ တပ်ဆုတ်ရန် ပြင်ဆင်နေသည်ဟု သိ၇သည်။
အာရက္ခတပ်တော်ကလည်းသံတွဲမြို့အား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားရန် ထုတ်ပြန်ကြေညာထားသည်။