Preview

တစ်ပတ်နွမ်းဆိုင်ကယ်များ ရခိုင်တွင် ရောင်းဝယ်မှုတွင်ကျယ်လာ

ဇူလိုင် ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :1240
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၄

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်မှလွတ်မြောက်နယ်မြေများတွင် တစ်ပတ်နွမ်းဆိုင်ကယ်များ ရောင်းဝယ်မှု တွင်ကျယ်လာနေသည်ဟု သိ၇သည်။

တစ်ကျော့ပြန်တိုက်ပွဲစတင်သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီက ရခိုင်ရှိ ကုန်းလမ်းနှင့် ရေလမ်းအားလုံးကို ပိတ်ဆို့ဖြတ်တောက်လိုက်သည်။

ထိုသို့ပိတ်ဆို့ဖြတ်တောက်ထား၍ ပြည်မဘက်မှ ဆိုင်ကယ်များ ရခိုင်ပြည်သို့ တင်သွင်းခြင်း မရခြင်းကြောင့် ဆိုင်ကယ်များပြတ်လပ်လာကာ တစ်ပတ်နွမ်းဆိုင်ကယ်များကို ဝယ်ယူကြသူ များပြားလာပြီး ရောင်းချမှုလည်း တွင်ကျယ်လာနေခြင်းဖြစ်သည်ဟု ရောင်းချသူများက ပြောသည်။

တစ်ပတ်နွမ်း ဆိုင်ကယ် အာရကန်မျိုး အရောင်းဆိုင်ပိုင်ရှင်က "အခုက ရန်ကုန်ကနေ ဆိုင်ကယ်အသစ်တွေ မဝင်ဘူး။ အသစ်တွေလည်းမရှိတော့ပါဘူး။ ဒီကာလမှာ အသစ်တစ်စီး ဝယ်ဖို့ကလည်း အရမ်းဈေးကြီးတယ်။ ဒီတော့ တစ်ပတ်နွမ်းဆိုင်ကယ်တွေကို ဝယ်ယူကြတယ်။ ရောင်းချမှုတွေလည်း တွင်ကျယ်လာနေပါတယ်" ဟု ပြောသည်။

တစ်ပတ်နွမ်းဆိုင်ကယ်များမှာ လက်ရှိကာလပေါက်ဈေးအ၇ ဆိုင်ကယ်အမျိုးအစားနှင့် ပစ္စည်းအကောင်းအဆိုးအပေါ်မူတည်ပြီး အနိမ့်ဆုံးဈေး ၅ သိန်းကျပ်မှ အမြင့်ဆုံးဈေး ကျပ်သိန်း ၄၀ ကျော်အတွင်းရှိနေသည်ဟုလည်း စုံစမ်းသိ၇သည်။


တစ်ပတ်နွမ်းဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်များမှာ နယ်များမှဆိုင်ကယ်များကို လိုက်လံရှာဖွေ ဝယ်ယူပြီး တဆင့်ပြန်ရောင်းချနေကြခြင်းဖြစ်သည်။

နယ်မှဒေသခံများနှင့် မြို့ပေါ်မှစစ်ဘေးရှောင်လာသူများသည် လတ်တလောတွင် စားဝတ်နေရေး အခက်အခဲအကျပ်အတည်းကြောင့် ပါလာသည့် ဆိုင်ကယ်များကို ပြန်လည် ရောင်းချသည်များကိုလည်း ဝယ်ယူပြီး လိုအပ်သည့်ပစ္စည်းများကို လှဲလှယ်တပ်ဆင်လျက် ပြန်လည်ပြုပြင်ရောင်းချနေခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်မှ အမည်မဖော်လိုသည့် ဆိုင်ကယ်တစ်ပတ်နွမ်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက "ရောင်းတာက စစ်ဘေးရှောင်တွေများတယ်။ ကိုယ့်ဒေသကနေ စစ်ဘေးရှောင်လာကြတယ်။ လတ်တလောမှာ ကျပ်တည်းကြတဲ့အတွက် ရောင်းလိုက်ကြတယ်။ တစ်ချို့ စစ်ဘေးရှောင် တွေကလည်း တစ်ပိုင်တစ်နိုင် ခရီးသွားလုပ်စားဖို့ရယ်။ ကယ်ရီဆွဲဖို့နဲ့ ဟိုသွား ဒီသွားသုံးဖို့ ဈေးသက်သာတာတွေကို ဝယ်ကြတာတွေရှိတယ်" ဟု ပြောသည်။

ဆိုင်ကယ်တစ်ပတ်နွမ်းများကို ရောင်းချရာ၌လည်း Smash ဆိုင်ကယ်အမျိုးအစားနှင့် Wave100 ဆိုင်ကယ်အမျိုးအစားတို့ကို ဝယ်ယူသူများပြီး ပို၍ရောင်းအားကောင်းနေသည်ဟုလည်း သိ၇သည်။

တစ်ပတ်နွမ်းဆိုင်ကယ်များ ယခင်ကထက် ရောင်းချမှုတွင်ကျယ်လာနေသော်လည်း လက်ရှိတွင် ငွေစက္ကူများရှားပါးပြီး Kpay နှင့် WavePay စသည်တို့မှ ငွေသား ထုတ်မရတော့သည့် အခက်အခဲအကျပ်အတည်းတို့ကြောင့် ဝယ်ယူကြသူနည်းပါး၍ ရောင်းမထွက်ဖြစ်နေရသည်ဟုလည်း ဆိုင်ကယ်တစ်ပတ်နွမ်းအရောင်းဆိုင်ပိုင်ရှင်များထံမှ သိ၇သည်။

ဓာတ်ပုံ - အာ၇ကန်မျိုး

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.