ကြာသပတေး၊ သြဂုတ်လ ၂၉ရက်၊ ၂၀၂၄

AA ထိုးစစ်ဆင်တိုက်ခိုက်မှုကိုမခံနိုင်၍ မောင်တော‌ကညင်ချောင်းစီးပွားရေးဇုန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

(ကညင်ချောင်းစီးပွားရေးဇုန် AA ထိန်းချုပ်လိုက်ပြီဟု သတင်းထွက်ပေါ်နေ)

နောင်မင်းသူ၊နိရဉ္စရာ၊ဇူလိုင်၁၅ရက်/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တော‌မြို့၊ ကညင်ချောင်း နယ်စပ်စီးပွားရေးဇုန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား င်အား ၀၀ ကျော်ခန့်သည် အာရက္ခတပ်တော် ( AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို မခံနိုင်သဖြင့် ယနေ့ ူလိုင် ၁၅ နံနက်၌ ကစင့်ကလျား ထွက်ပြေးနေကြသည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

စစ်သားတွေနဲ့ လက်နက်ကိုင် မွတ်ဆလင် ၂၀၀ ကျော် ွှေဇားဂုံးနားရွာနဲ့ ဟိန္ဒူကယ်ဆယ်ရေး နေအိမ်တွေ ဘက်ကို ထွက်ပြေးလာတာကို မြင်ရတယ်။ အကွဲကွဲ အပြားပြား ထွက်ပြေးလာကြတယ်။  ဒဏ်ရာရသူတွေလည်း ပါတယ်။ ဂုံးနားရွာနဲ့ ဟိန္ဒူကယ်ဆယ်ရေးရွာသစ်မှာခိုလှုံေကြတယ်ဟု ဒေသခံ ဟိန္ဒူလူမျိုးတစ်ဦးက ပြောသည်။

ထိုသို့ ထွက်ပြေးလာကြသူများအထဲတွက် ဒဏ်ရာရသူများကိုလည်း တွဲယူလာရသည်ကို တွေ့မြင်ရသည်ဟု ၎င်းက ပြောသည်။

ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်များသည် လူနေအိမ်များတွင် ဝင်ရောက် ခိုလှုံနေကြသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ိန္ဒူလူမျိုးများမှာ မိမိ‌တို့၏ နေအိမ်များတွင် မနေ‌ရဲတောဘဲ့ ရွာလုံးကျွတ် လုံခြုံရာသို့ ထွက်ပြေးနေကြကြောင်း  ဟိန္ဒူအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

"သူတို့က ကျွန်မတို့ရွာမှာ စခန်းချ ခိုလှုံလာ‌နေကြတော ကျွန်မတို့ဘယ်လို့မှ မနေရဲတော ဘူး။ တိုက်ပွဲဖြစ်လာင် ကျွန်မတို့ရွာကကြားညှပ်ပါသွားမှာ အဲဒါကြောင် မြို့ပေါ်ကို တက်ပြေး လာကြတာ"ဟု ြောဆိုသည်။

မောင်တော ကညင်ချောင်းစီးပွါးရေးဇုန်အတွင်း၌ ကညင်းချောင်းချောင်းဝခန်းနှင့် နယ်မြေစခန်း ဆိုပြီးစခန်း၂ ခုရှိရာ အဆိုပါ စခန်းများမှ  စစ်သားများနှင့် စစ်သင်တန်းဆင်း ွတ်ဆလင်စစ်သားများ တပ်စွဲကာ အေအေထိုးစစ်ကို အပြင်းအထန် ခုခံခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ကို​ အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း အေအေက သတင်းထုတ်ပြန်ခြင်း မရှိသေးသဖြင့်  အဆိုပါ သတင်းအပေါ် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

တချို့စစ်ကောင်စီတပ်သားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  စက်လှေများဖြင့် နတ်မြစ်ကို ဖြတ်ကျော်ကာ ထွက်ပြေးနေကြသည်ဆိုသော သတင်းများလည်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ရေးသား ဖော်ပြကြသည်။

မောင်တောမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ အောင်ဗလကျေးရွာအားလည်း  ဇူလိုင် ၁၅ ရက်နံနက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တတိယအကြိမ် မီးရှို့နေကြကြောင်း မျက်မြင်ဒေသခံများထံမှသိရသည်။


ဓါတ်ပု
ံ- ကညင်ချောင်းစီးပွါးရေးဇုန်အ တွင်းရှိနယ်ခြားစောင့် နယ်မြေစခန်းအား တွေ့ရစဉ်

ဆက်စပ် သတင်းများ