Preview

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ငပလီကမ်းခြေရှိ ဟိုတယ်အချို့ မီးလောင်

ဇူလိုင် ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :5800
ရခိုင် သတင်း

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေရှိ လင်းသာနှင့်မြပြင်ကျေးရွာများမှ ဟိုတယ်အချို့ ကို စစ်ကောင်စီက ရေပြင်နှင့် မြေပြင်က လက်နက်ကြီးများဖြင့်ပစ်ခတ်၍ မီးလောင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေ၊ လင်းသာဟိုတယ်ဇုန်နှင့် မြပြင်ရှိ ဟိုတယ်အချို့ လက်နက်ကြီး ထိမှန်ကာ ဇူလိုင် ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာမီးလောင်နေသသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ အခုဖြစ်နေတာက လင်းသာနဲ့ မြပြင်ကို စစ်ကောင်စီ ဖြတ်လို့မရတော့သူတို့တပ်တွေဆုတ်လို့ မရဘူး။ အဲဒီအနီး ဝန်းကျင်က တောင်တန်းတွေဘက်မှာစစ်သားတွေ  ရိက္ခာပြတ်နေပြီ။ ဂျိတ္တောကို စစ်တပ်က နောက်ဆုံးခံစစ်ပြင်ထားတော့ အေအေက တဖြည်းဖြည်းထိုးစစ်ဆင်လာတာ။အဲ့မှာ လင်းသာနဲ့ မြပြင်က ဟိုတယ်တွေ စစ်ကောင်စီကပစ်တာ။အဲ့အနားက Bayview၊ လင်းသာဦး၊ မီမံတို၊ လဂွန်း၊ ဘီတီဘေး၊ အဲဒီ ဟိုတယ်တွေဘက်ပစ်နေတာ၊ အပျက်အစီးမသိ၇သေး။  မီးလောင်နေတာတော့ သိတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။

မြပြင်နှင့် လင်းသာ အစပ်ရှိ အများပြည်သူအပန်းဖြေ ဧရိယာအနီးကိုလည်း စစ်ကောင်စီက ပစ်ခတ်မှုများရှိခဲ့သည်ဟုလည်း ပြောဆိုသည်။

လင်းသာဟိုတယ်ဇုန်နှင့်မြပြင်ကျေးရွာလမ်းတစ်လျှောက်ရှိ Bayview Hotel, Lin Thar Oo Lodge,Memento Resort ၊ LagoonLodge, BT Bay, The Lodge Blus Ocean ဟိုတယ် များရှိရာ ကမ်းခြေ တစ်ဝိုက်တွင်ဇူလိုင်လ ၁၄ရက် မွန်းလွဲပိုင်းမှ ဇူလိုင်လ ၁၅ ရက်နံနက် ပိုင်းအထိ မီးခိုးများထွက် နေကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

“ အခုဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ သံတွဲမြို့ကိုလည်း ဆက်သွယ်မရတော့ဘူး။ ကွင်းဝိုင်းဖက်က တက်လာတဲ့ ဘုတ်ပြားဆိုတဲ့ နေဗီက ပစ်နေတာ။ နောက်ဂျိတ္တောဖောင်ဆိပ်ကနေ လင်းသာ ကမ်းခြေအထိ လာပြီးတောပစ်နေတာ။ လက်နက်ကြီး ဟိုတယ်တွေမှာ အေအေရှိတယ်လို့  သတင်း၇လို့ပစ်တာ။ လင်းသာဘုန်းကြီးကျောင်းလည်း ဟိုနေ့က ဗုံးထိသွားပြီ” ဟုဒေသခံတစ်ဦး မှပြောသည်။

ငပလီကမ်းခြေ လင်းသာရွာရှိ  မင်္ဂလသုခကျောင်းတိုက်အားစစ်ကောင်စီမှဗုံးကြဲခဲ့ရာ ဇူလိုင် ၁၂ ရက်နေ့က ပေါင်၅၀၀ရာဗုံးနှစ်လုံးကျရောက်ပေါက်ကွဲ၍ကျောင်းဆောင် များဆိုးရွား စွာပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိ၇သည်။

ငပလီကမ်းခြေ၏ တောင်ဘက်အစွန်းရှိ မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်းအပိုင်းတွင် အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီမှ  လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်း တို့ကို အဆက်မပြတ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိ၇သည်။

သံတွဲမြို့တွင်းသို့စစ်ကောင်စီရေတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သောကြောင့်ဇူလိုင်လ၁၃ရက်နေ့တွင်ဒေသခံအမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိ၇သည်။

ရခိုင်ပြည်သံတွဲမြို့နယ်နှင့်ငပလီမြို့ကကလေးငယ်များ၊အမျိုးသမီးများအပါအဝင်စစ်ရှောင်၂,၀၀၀ ကျော်ဂွမြို့နယ်နှင့်ကျိန္တလီမြို့တွင်စားဝတ်နေရေးအခက်အခဲဖြစ်နေပြီးအကူအညီများ လိုအပ်နေကြောင်းသိ၇သည်။

ပုံစာ- လင်းသာရွာ ရှိ  မင်္ဂလသုခကျောင်းတိုက်အား စစ်ကောင်စီမှဗုံးကြဲ၍ပျက်စီး သွားသည်ကို တွေ့၇စဉ်

ဓာတ်ပုံ- Bhikkhu Sunanda

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.