Preview

မောင်တော အောင်ဗလချောင်း၀စခန်းကို AA သိမ်းပိုက်

ဇူလိုင် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :3095
ရခိုင် သတင်း

(တိုက်ပွဲပြင်းထန်ပြီးနောက်  စစ်ကောင်စီတပ်နောက်ဆုတ်) 

နောင်မင်းသူ၊နိရဉ္စရာ၊ ဇူလိုင် /၂၀၂၄

၇ခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးရှိ စစ်ကောင်စီ စခန်းများကို တစ်ခုပြီး တစ်ခု အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေရာ အောင်ဗလချောင်း၀စခန်းကို ယမန်နေ့  ဇူလိူင်လ ၁၆ ရက် နံနက် ပိုင်း၌သိမ်း ပိုက်လိုက်ပြီဟု သတင်းရရှိသည်။

AA ၏ထိုးစစ် ပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်အချို့ တပ်နောက် ဆုတ်သွားသည်ကို မြင်၇သည်ဟု မျက်မြင်ဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။  

"အေအေ တပ်တွေကအောင်ဗလအထိ လွမ်းမိုးသွားပြီ။ ချောင်း၀စခန်းကိုလည်းသိမ်းလိုက်ပြီ။ တိုက်ပွဲက မနေ့က ညနေအထိ  ပိုပြီးပြင်းထန်နေခဲ့တယ်။ လက်နက်ငယ်သံ တွေဆူညံစွာ ကြားနေ၇တယ်။ ဒရုန်းက ဗုံးချသံက်နက်ကြီး ပစ်သံတွေပါ ကြားနေ၇တယ်"ဟု ၎င်းက ပြောကြားသည်။

ရွှေဇားဂုံးနားရွာနှင့်အောင်ဗလကျေးရွာများ၌ ခြေကုတ်စခန်များချပြီး နေရာ၇ယူထားကြသည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင် မွတ်ဆလင် လက်နက်ကိုင်များသည်  ရွှေဇားတံတား ကင်းစခန်း၊ ဆန်စက်ဟောင်းနေရာနှင့် အောင်ဗလကျေးရွာသွားလမ်းပေါ် ရှိACF ရုံးစသည့်နေရာများ သို့ တပ်နောက် ဆုတ်ပြီးခုခံမူ ပြုလုပ်နေကြည်ဟု သိ၇သည်။

ဂုံးနားမွတ်ဆလင်သူဌေးနေအိမ်များ၌လည်းလက်ကျန် ခြေကုတ်စခန်းငယ်များ ကျန်ရှိနေသေးကြောင်း ဒေသခံမွတ်ဆလင်များကပြောဆိုသည်။

"စစ်တပ်က ဆန်စက်နဲ့ဂုံးနားရွာက ACF ရုံး အောင်ဗလရွာကို  အဝင်ကနေ ခုခံပြီးပစ်နေကြတယ်။ နောက်ဂုံးနားရွာကမွတ်ဆလင်သူဌေးနေအိမ်တွေမှာလည်း စစ်တပ် အပျောက်ပြထားတာတွေ ရှိနေတယ်လို့ သိ၇တယ်" ဟု ပြောဆိုသည်။

မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအတွက်အရေးပါတဲ့ကညင်ချောင်းစီးပွါးရေးဇုန်အား အာရက္ခတပ်တော်မှ ဇူလိုင်လ ၁၅ ရက် မနက်၌ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက် အပြီးဇွန်လ ၁၆ ရက်နေ့၌ အောင်ဗလ ချောင်း၀ စခန်းအား ထပ်မံထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်လိုက်တာလည်း ဖြစ်သည်။

ဇူလိုင်၁၄ ရက်နေ့ကတဲ့က ရွှေဇားတံတားမောင်တောဖက်ခြမ်း၌ စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့် ကမ်းနားလမ်းတစ် လျှောက်နေရာယူထားကြပြီးမွတ်ဆလင်လက်နက်ကိုင်များမှာ မြို့မ ဘောလုံးကွင်းနှင့် မီးသတ်တပ်ဖွဲရုံး၌ ဇူလိုင် ၁၃ ရက်နေ့မှစပြီး စခန်းချနေရာယူထားကြကြောင်း မျက်မြင် ဒေသခံများက ပြောဆိုသည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.