Preview

စစ်တွေမင်းဂံကယ်ဆယ်ရေးအကွက် (၁၁)ကို စစ်ကောင်စီ ညဥ့်အချိန်ဝင်ရောက်စီးနင်းပြီး ပြည်သူ ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်သွား

ဇူလိုင် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :3956
ရခိုင် သတင်း

မောင်စာဂ၊နိရဥ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊မင်းဂံရပ်ကွက်ရှိ ကယ်ဆယ်ရေးအကွက်(၁၁)ကို စစ်ကောင်စီ တပ်က ပြီးခဲ့သည့် ညဥ့်အချိန်က ဝင်ရောက်စီးနင်းကာပြည်သူရာနှင့်ချီကို ဖမ်းဆီး သွားခဲ့သည်ဟုသိ၇သည်။

ဇူလိုင်လ ၁၆ ရက်၊ညဥ့် ၁၂ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင်များနှင့် ရဲတပ်ဖွဲ့ဝင်များကဝင်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက " လိုက်ဖမ်းတာ၀ရုန်းသုန်းကားတွေဖြစ်ပြီး ဆူညံသွားတာပဲ။ ကယ်ဆယ်ရေး ရွာထဲကလည်းဖမ်းသွားသလို အဲဒီမှာရှိတဲ့တိုက်ခန်းတွေထဲကလည်းဝင်ဖမ်းသွားတာ"ဟု ပြောသည်။

ဖမ်းဆီးခံရသူများတွင် ကျောင်းသားလူငယ်များ၊အစိုးရဝန်ထမ်းများနှင့် အမျိုးသမီးများလည်း ပါဝင်ခဲ့ပြီးဖမ်းဆီးခံ၇သူစုစုပေါင်း ၁၀၀ ဦးခန့်ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။

ဖမ်းဆီးခံ၇သူများကိုစစ်တပ်ကားများဖြင့်ခေါ်ဆောင်လာပြီး ယင်းအနက် ၆၀ ဦးခန့်ကို စစ်တွေမြို့မ ရဲစခန်းတွင် ညဥ့်အချိန်က အပ်နှံထားခဲ့ကာအခြားသူများကို စစ်တပ်က ခေါ်ဆောင်သွားကြောင်း သိရသည်။

မည်သည့်တပ်ထဲသို့ခေါ်သွားသည်ကိုလည်းမသိရ၍ မိသားစုဝင်များ စိုးရိမ်ကြောင့်ကြလျက် ရှိကြသည်ဟုသိရသည်။

စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်သည့်စစ်တွေမြို့တွင်စစ်ကောင်စီ တပ်က တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားသည့်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ အပြစ်မဲ့ပြည်သူများကို နေ့စဥ်ဆိုသလို နေ့ညမရွေးလိုက်လံဖမ်းဆီးနေသည်ဟုသိရသည်။

မင်းဂံရပ်ကွက်အတွင်းတွင်ပင် အကွက်(၅)မှ အကွက်(၁၀)အထိနေထိုင်သော အမျိုးသမီး များနှင့်အမျိုးသား ၁၅၀ ဦးခန့်ကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်၊ ညဉ့်အချိန်က စစ်ကောင်စီတပ်သားများနှင့်စစ်သင်တန်းဆင်းမွတ်ဆလင်များက စစ်ကား (၁၀) စီးဖြင့် ရပ်ကွက်ထဲသို့ဝင်ရောက်ပြီးဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ၂၉ ရက်နှင့် ၃၁ ရက်တို့ကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ ရွာသား ၇၆ဦးကို စစ်ကောင်စီတပ်က ရွာထဲကိုဝင်ရောက် ဖမ်းဆီးသတ်ဖြတ်ပြီး ရာနှင့်ချီသောရွာသားများကိုလည်းစစ်တပ်ထဲသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စစ်တွေတွင်ဖမ်းဆီးခံရသူများအနက် အများစုကိုမတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုထားကာ စစ်တွေခရိုင်တရားရုံးတွင်ရုံးထုတ်စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးခံလိုက်ရသူများအနက်စစ်ကြောရေးတွင်သေဆုံးသူများနှင့် ယခုထိ မိသားစုနှင့်အဆက်အသွယ်မရဘဲပျောက်ဆုံးနေသူများလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ -စစ်တွေမြို့တွင် လှည့်လည်သွားလာနေသည့်စစ်ကောင်စီကားအချို့ကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၈ နာရီက တွေ့၇စဥ်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.