Preview

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်သားများ မြို့ထဲရှိ လူနေရပ်ကွက်များအတွင်းသို့ ဝင်ရောက်လာပြီး တိုက်ပေါ်တွင် နေရာယူပြီး မြို့ထဲတွင် ကင်းပုန်းဝပ်မှုများပြုလုပ်လာ

ဇူလိုင် ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :3134
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဉ္စရာ ၊ ဇူလိုင် ၁၇ / ၂၀၂၄

၇ခိုင်ပြည်တောင်ပိုင်းမှ အဓိက ဗဟာဗျူဟာအရ အရေးပါသောသံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးအရ ခြိမ်းခြောက်ခံလာ၇သည့်စကခ (၅) အခြေစိုက်ရာ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က မြို့လယ်ခေါင်ရှိ အထပ်မြင့်အဆောက်ဦးများပေါ်တွင်နေရာယူပြီး မြိုထဲတွင်ကင်းပုန်းဝပ်ခြင်းများကို ပြုလုပ်လာသည်ဟု  ဒေသခံများက ပြောသည်။ 

တောင်ကုတ်KBZ ဘဏ်ခွဲရှိရာအမ်း-တောင်ကုတ်လမ်းပိုင်း အမ်းလမ်းမကြီးရှိ အထပ်မြင့်တိုက် တချို့အပေါ်တွင်စစ်ကောင်စီက နေရာယူမှုများ ပြုလုပ်လာပြီး ညဥ့်အချိန်မြို့ထဲတွင် ကင်းပုန်း ဝပ်ခြင်းများကို ခပ်စိတ်စိတ် ပြုလုပ်နေသည်ဟု  တောင်ကုတ်မြို့ခံ စစ်ရေး အခြေအနေကို လေ့လာအကဲခတ်နေသူ တစ်ဦးက နိ၇ဉ္စရာသို့ သတင်းဌာနသို့ပြောသည်။

" အမ်းလမ်းထဲကအသစ်ဆောက်နေတဲ့ အထပ်မြင့်တိုက်တစ်ခုရှိတယ်။ ဦးထွန်းကြွယ်ရဲ့တိုက်မှာစစ်တပ်က ဝင်လိုက်ထွက်လိုက် နေ့တိုင်းနီးပါး လုပ်နေတာရှိတယ်။။နေ့ဘက်မှာတော့ ပေါ်ပေါ်ထင်ထင် မလုပ်ပေမယ့် ညဘက်တွေဆို သူတို့နေရာယူနေပုံ၇တယ်။အထပ်မြင့်တွေကနေ ကင်းပုန်းဝပ်တာမျိုး ဖြစ်မယ်"ဟု သူကပြောသည်။

စစ်ကောင်စီတပ်သည်ရန်ခိုချောင်း၀ရှိ ဦးကျောက်တောင်ပိုင်ဆိုင်သည့် ဂုဏ်ဓနသင်္ဘောဒေါက်ကျင်း၊တောင်ကုတ်တက္ကသိုလ်ဘက်အထွက်အာလိန်ငါးဆင့်ဘုရားကုန်းတို့တွင်လည်း ကင်းပုန်းဝပ် လှုပ်ရှားမှုများရှိနေကြောင်းသူကပြောသည်။

ယခုကဲ့သို့မြို့လယ်ခေါင်ရှိအများပြည်သူသွားလာလှုပ်ရှားရာနေရာများတွင် တပ်စွဲကင်းပုန်းဝပ်မှုများ ပြုလုပ်နေ၍အနီးအနားရှိမြို့ခံများမှာစိုးရိမ်နေကြသည်။

" မြို့လယ်ခေါင်လူတွေနဲ့နီးတဲ့အဆောက်အအုံတွေမှာတပ်စွဲနေတာကတော့ အထူး စိုးရိမ်စရာ ကောင်းပါတယ်။ အနီးအနားကပြည်သူတွေကိုလူသားဒိုင်းကာ လုပ်ထားတာနဲ့အတူတူပဲ။ မစွဲသင့်ဘူးလို့ မြင်တယ်။"နောက်ထပ်တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးကပြောသည်။

တောင်ကုတ်မြို့သည်စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅)အခြေစိုက်ထားပြီး ခမ၇ ၅၄၄ ၊ ခမ၇ ၃၄၆ နှင့် မြို့မရဲစခန်းတို့ရှိသည်။

တောင်ကုတ် အခြေစိုက်စကခ (၅) ဌာနချုပ်သည် အာရက္ခတပ်တော်မှ နောက်ထပ် သိမ်းပိုက်မည့် စာရင်းထဲတွင်ထိပ်ဆုံးစာရင်းမှ ပါဝင်နေပြီး လက်ရှိတွင် ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် အနေအထားတွင်ရှိနေသည်။

ဇူလိုင်လရ ရက်နေ့ အာရက္ခတပ်တော်မှ စစ်ရေးသတင်း ထုတ်ပြန်ချက်တွင် ရန်သူ၏အရေးပါသောစခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓည၀တီ ရေတပ်ဌာနချုပ်တို့အား မိမိတို့မှဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်းဖော်ပြထားသည်။

တောင်ကုတ်မြို့တွင်ဇွန်လ ၁၅ ရက်ကစတင်ကာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၅ ရက်တာ အတွင်းစစ်ကောင်စီဗိုလ်ကြီးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးကာ စစ်ကောင်စီတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအနည်း၄ ဦးသေဆုံးခဲ့ကြောင်းစစ်ရေး သတင်း ရင်းမြစ်များနှင့်မြို့ခံများကပြောသည်။

ယင်းတိုက်ပွဲများနောက်ပိုင်းယခုအချိန်ထိ တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က ဒေသခံများ ကူးလူးသွားလာမှုကိုတင်းကြပ်ပိတ်ပင်ထားပြီးအတင်းအဓမ္မငွေကောက်ခံမှုများ၊ ရေကြောင်း ခရီးသွားလာသည့်ဒေသခံများကိုဖမ်းဆီးငွေညှစ်ခြင်းများကို တောက်လျှောက် ပြုလုပ်နေကြောင်းမြို့ခံများကနိရဥ္စရာသတင်းဌာနသို့ပြောသည်။

#စစ်ကောင်စီတပ်သားများ#တောင်ကုတ်မြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.