- Web Master
- ၁၉ သြဂုတ် ၂၀၂၄
နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၄
စစ်ကောင်စီထိန်းချုပ်ရာ ရခိုင်မြို့တော် စစ်တွေမြို့ရှိ ပြည်သူများကို စစ်ကောင်စီတပ်က ညအချိန်တွင် ဧည့်စာရင်းအကြောင်းပြပြီး မတရားဝင်ရောက်ဖမ်းဆီးကာ ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေပြီး ငွေမပေးနိုင်သူများကိုလည်း တရားစွဲဆိုခြင်းများပြုလုပ်နေ၍ ပြည်သူများအခက်ကြုံနေကြကြောင်း သိရသည်။
စစ်တွေမြို့ရှိ ရပ်ကွက်တချို့ကို ညဥ့် အချိန်ရောက်တိုင်း စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြကာ စစ်ဆေးခြင်းများနှင့် တစ်အိမ်လုံးကို မွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်နေသည်ဟု ကိုယ်တိုင်
ကြုံတွေ့ခဲ့ရသူ တစ်ဦ
“ဧည့်စာရင်းစစ်တယ်ဆိုပြီး သူတို့ဘာလုပ်လဲဆိုတော့ အိမ်သားတွေကိုပါ အိမ်အောက်ကို ဆင်းခိုင်းတယ်။ အိမ်မှာ ဘာရှိလဲ အထုပ်အပိုးတွေ၊ အမှိုက်တောင်းတွေက အစ၊ အကုန်လုံး မွှေတယ်။ ပိုက်ဆံတွေရရင် အကုန်ယူသွားတယ်။ ပါဝါဘန့်တွေတောင် မလွတ်ဘူး။ ယူသွားတာ။ အိမ်ထက်က မွေ့ရာတွေ၊ ဘာတွေကို အကုန်လုံး မွှေနှောက်ခဲ့တယ်။ မှတ်ပုံတင်စစ်မယ်ဆိုရင်စစ်လေ။ အခုက အကုန်လုံး မွှေနှောက်သွားတယ်” ဟုပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ဧည့်စာရင်းစစ်ဆေးရာ၌ နေအိမ်မှ အမျိုးသားများ၏ ခန္ဓာကိုယ်နှင့် ခြေသလုံးများကို စစ်ကြည့်ခြင်းများရှိပြီး မှတ်ပုံတင်ရှိ၊ အိမ်ထောင်စုထဲတွင် ရှိလျှင်လည်း ဖမ်းဆီးကာ ငွေညှစ်တောင်းခံခြင်းများရှိသည်
“ အိမ်က ယောက်ျားလေးတွေကို ခန္ဓာတွေကို ကြည့်တယ်။ ခြေသလုံးတွေကိုကြည့်တယ်။ မှတ်ပုံတင်လည်းရှိတယ်။ အိမ်ထောင်စုမှာလည်းရှိပေမဲ့ စစ်ဆေးမယ်ဆိုပြီး ခေါ်သွားတာတွေရှိတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးရတယ်။ ကျနော်တို့ ရပ်ကွက်က ဖမ်းသွားတဲ့သူတွေကိုတော့ တစ်ယောက်ကို ၁၀ သိန်းတောင်းတယ်လို့ကြားတယ်။ မပေးနိုင်ရင် ပုဒ်မ အမျိုးမျိုးတပ်ပြီး တရားစွဲမယ်။ အဲသလို တရားဥပဒေမဲ့လုပ်နေကြတာ”ဟုပြောသည်။
ထို့သို့ စစ်ကောင်စီက အိမ်ထောင်စု၊ မှတ်ပုံတင်ရှိသည့် သူများကိုပါ စစ်ဆေးဖမ်းဆီးနေသဖြင့် စစ်တွေမြို့မှ တခြားမြို့သို့ ထွက်သွားမည် ဆိုပါကလည်း စစ်ကောင်စီက သွားလာ၍ရသည့် မြို့အဝင်အထွက် ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထား၍ အခက်အခဲဖြစ်နေကြရကာ ရန်ကုန်သို့သွားဖို့လည်း ငွေကြေးမတတ်နိုင်ကြကြောင်း ဒေသခံများက ပြောကြသည်။
“သတိထားရမယ်ဆိုပေမဲ့ သူတို့က လုပ်လာရင် ဘာမှမတတ်နိုင်ဘူး။
ထွက်ပြေးလို့ရမယ့်
နေရာလည်းမရှိ
စစ်ကောင်စီသည် စစ်တွေမြို့ပေါ်က မင်းဂံရပ်ကွက်၊ ရွှေပြည်သာကျေးရွာ၊ ရွှေပြားရပ်ကွက်၊ လမ်းမတော်တောင်ရပ်ကွက်၊ စက်ရုံစုရပ်ကွက်နှင့် တခြားရပ်ကွက်တချို့မှ နေအိမ်များကို ညဥ့်အချိန်၌ ဧည့်စာရင်းအကြောင်းပြကာ စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီးကာ ငွေညှစ်တောင်းခံလျက်ရှိပြီး တချို့ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) အပါအဝင် အခြားပုဒ်မတချို့ဖြင့် တရားစွဲလျက်ရှိသည်ဟု ပြည်သူများက ပြောကြာသည်။
ယခုလ ဇူလိုင်လ ၁၆ ရက် ညဥ့် ၁၂ နာရီခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကယ်ဆယ်ရေးအကွက်(၁၁) မှ ပြည်သူ ၁၀၀ ဦး ခန့်ကို စစ်ကောင်စီ၊ စစ်သင်တန်းဆင်း မူဆလင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သေးသည်။
ထိုအထဲက ၆၀ ဦးခန့်ကို စစ်တွေ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးထားပြီး ကျန်သောသူများကို စစ်တွေရှိ တပ်ရင်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီသည် ယခုလ ဇူလိုင်လ ပထမ အပတ်ခန့်ကလည်း စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦးကျော်ခန့်ကို ဖမ်းခဲ့ပြီး အမျိုသား အားလုံးကို ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့သည်။
သို့သော် ထိုအထဲမှ အမျိုသမီးကိုမူ စစ်ကောင်စီက အကြမ်းဖက်ခဲ့သည့် ဗျိုင်းဖြူရွာမှ ဖြစ်နေ၍ ပြန်မလွှတ်ပေးသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကလည်း မင်းဂံ အကွက်(၅) မှ (၁၀) အတွင်းတွင် နေထိုင်ကြသော ပြည်သူ ၁၅၀ ဦးခန့်ကို စစ်ကား ၁၀ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မသန်စွမ်းသူများအပါအဝင် အများစုကိုပြန်လွှတ်ပေးလိုက်ကာ အချို့မှာ ငွေကျပ် ၇ သိန်းမှ ကျပ် ၉ သိန်းအထိ ပေးပြီးမှ ပြန်လွတ်လာခဲ့ကြောင်း ပြောကြသည်။
ထိုအထဲမှ လူပေါင်း ၅၀ ဦးထက်မနည်းကိုလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရား စွဲဆိုထားပြီး စစ်တွေခရိုင်တရားရုံးတွင် အသုတ်လိုက်ခွဲကာ ရုံးထုတ် စစ်ဆေးလျက်ရှိနေသည်။
စစ်ကောင်စီသည် စစ်တွေမြို့တွင် နေထိုင်သော ပြည်သူများကို တခြားမြို့နယ်များသို့ သွားလာခွင့် မပေးဘဲ မြို့ထဲတွင် ပိတ်လှောင်ထားကာ ဖမ်းဆီးစစ်ဆေး၊ တရားစွဲဆို၊ ငွေညှစ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများမှာ ညအချိန်ရောက်လျှင် စိုးရိမ်ကြောင့်ကြမှုများဖြင့် အိပ်နေရသည်ဟု နိရဥ္စရာကို ပြောကြသည်။
စစ်တွေမြို့ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီက မြေမြှုပ်မိုင်းများထောင်ထားပြီ
ဓာတ်ပုံ - ပုံဟောင်း