လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၈ / ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ် ဂျိတ္တောဘက်တွင် အာရက္ခတပ်တော်(AA) နှင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီ ရေတပ်သားများမှာမြေပြင်စစ်ရေး အတွေ့အကြုံမရှိ၍ အကျအဆုံးများနေပြီး တချို့လည်း ထွက်ပြေးနေကြသည်ဟု သိ၇သည်။
ရေတပ်နှင့် နီးစပ်သူဒေသခံ တစ်ဦးက “ ကွင်းဝိုင်းရေတပ်က ဗိုလ်ကြီးတစ်ယောက်ပျောက်နေတယ်။ တပ်ကြပ်ကြီးတစ်ယောက် သေသွားတယ်။နာမည်ကပြောင်ကြီးလို့
ထိုသို့ အကျအဆုံးများနေသဖြင့် ရေတပ်သားများအား ပြန်ခေါ်ရန်၎င်းတို့၏ ကွင်းဝိုင်းရေတပ်စခန်း တပ်မှူးသို့ အကြောင်းကြားသော်လည်း ပြန်မခေါ်သဖြင့်အများစုမှာ စိတ်ဓာတ်ကျနေကြသည်ဟု ဆိုသည်။
“ တပ်မှူးကိုဆက်သွယ်ကြတယ်။သူတို့ကိုပြန်လာခေါ်ပါလို့
စစ်ကောင်စီတပ်သားများသည် ငပလီကမ်းခြေမြို့၏ တောင်ဘက်အစွန်ဆုံး ရှိ ဂျိတ္တောရွာရှိ ပုလဲကျောင်းနှင့် ဂျိတ္တောကျောင်းကြီးတွင် လည်းကောင်း၊ မြပြင်ရပ်ကွက် မြတောင်တွင်လည်းကောင်းအသီးသီး
“ တပ်တွေကတချို့ က ခုခံတယ်။ တချို့က ကွင်းဝိုင်းရေတပ်သို့ ဆုတ်ခွာတယ်လို့လည်းသိ၇တယ်။ အခု အေအေနဲ့ တိုက်နေတဲ့အထဲမှာ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ရဲ့ လက်
တိုက်ပွဲအတွင်း ဒဏ်ရာရသူများ၊ သေဆုံး အလောင်းများအားလည်းကွင်းဝိုင်းရေတပ်ကိုပြန်ယူလာသည်ဟု ဆိုသည်။
“ဂျိတ္တော ကနေ ကွင်းဝိုင်းရေတပ်ကို တပ်ဆုတ်တယ်။နာလာတဲ့သူကို ကွင်းဝိုင်းရေတပ်ကိုယူလာတယ်၊ ကွင်းဝိုင်းမှာသဂြိုလ်တယ်။ဟောင်
အာရက္ခတပ်တော်(အေအေ)ထံတွင် မဇင်လေဆိပ်၊ ခမ၇ ၅၆၆၊ ခလ၇ ၅၅နှင့် အဏ္ဏဝါရိပ်သာတို့ကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်များမှ တပ်သားများသည် အေအေထံတွင် လက်နက်နှင့်အလင်းဝင်ခြင်း၊ လက်နက်စွန့်ခွာထွက်ပြေးခြင်းများ ပြုလုပ်နေကြောင်း သိ၇သည်။