လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၂၀ / ၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းခြေအနီးရှိ ဂျိတ္တောကျေးရွာနှင့်ကွင်းဝိုင်းရေတပ်အကြားရှိ အဘဲကျေးရွာအပါအဝင် အနီးအနားရှိ တောင်တန်းများကို စစ်ကောင်စီရေတပ်က ဇူလိုင်လ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ဒေသခံပြည်သူ ၆ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“ သေဆုံးတဲ့ အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေပါဝင်တယ်လို့ သိရပါတယ်။ အဘဲကျေးရွာသား၄ ဦးနဲ့ဂျိတ္တောကျေးရွာကနေအဲဒီရွာဘက်မှာ စစ်ရှောင်နေသူ ပြည်သူ ၂ ဦး၊စုစုပေါင်း ၆ ဦးသေပါတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
အာရက္ခတပ်တော် ( AA)က ဂျိတ်တ္တောမှနေ ကွင်းဝိုင်းရေတပ်သို့ တပ်ဆုတ်လာသည့် စစ်ကြောင်းကို ဇူလိုင်လ ၁၉ ရက်နေ့က အဘဲကျေးရွာအနီး တောင်တန်းနှင့်ထူပါရုံဘုရားအနီး
“ ဂျိတ္တောရွာနဲ့ အဘဲရွာကြားက အမြင့်ဆုံးတောင်ကြောတစ်ခုရှိပါတယ်။ ရွှေပုဇွန် မုန့်တိုက်ကဝယ်ထားတဲ့အတွက် ရွှေပုဇွန်တောင်တန်းလို့ ပြည်သူတွေခေါ်ဆိုကြပါတယ်။အဲဒီမှာ တိုက်ပွဲ ဖြစ်ကြတာ။ အဲဒီမှာ တိုက်ပွဲဖြစ်တော့ ရေတပ် အဘဲရွာကိုလက်နက်ကြီးနဲ့ပစ်တာ။ အခု သေချာပြောလို့၇တာကတော့လူ ၆ ယောက်သေတယ်။ဒီထက်လည်း ပိုများနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးရာတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင်အမျိုးသမီး ၂ ဦး၊ မိခင်ဖြစ်သူ လယ်စိုက်ရာတွင် ပျိုးပင်ကူသယ်ပေးသူ လူငယ်တစ်ဦးတို့ ပါဝင်သည်ဟုဒေသအခြေစိုက် ဒွာ၇၀တီ သတင်းတွင် ဖော်ပြသည်။
ဒေသခံ တစ်ဦးက” နောက်ထပ်သေဆုံးတာတွေရှိနိုင်သေး
အဆိုပါ အဘဲကျေးရွာသည် ဂျိတ္တောကျေးရွာနှင့်ကုန်းလမ်း
မြေပြင်တိုက်ပွဲများတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့်ဗုံးကြဲမှုခြင်းများကိုဆက်တိုက် ပြုလုပ်နေပြီး ရခိုင်တွင် အရပ်သား ထိခိုက်သေဆုံးမှုစာရင်းမှာလည်းတစ်နေ့ထက် တစ်နေ့ တိုးလာနေသည်ဟုသိ၇သည်။
တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီလလယ်မှစတင်ကာ ယခုဇူလိုင်လအထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုပ်မိုင်းများ လက်လွတ်စပယ်ထောင်မှုများကြောင့်