လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၂၂ / ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နောက်ဆုံး လက်ကျန်စစ်စခန်းတစ်ခုဖြစ်သည့် ကွင်းဝိုင်းရေတပ်စခန်းထဲကို အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲပြီးစစ်သား ၂ ဦး သေဆုံးပြီးနောက် ရေတပ်အနီးရှိ ကျွဲသောက်ကျေးရွာကို မနေ့က ဇူလိုင် ၂၁ ရက်နေ့တွင်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရေတပ်နှင့် နီးစပ်သူတစ်ဦးက “ ရေတပ်ထဲကိုဇူလိုင် ၂၀ ရက်နေ့က ရှော့တိုက်ဒုံးနဲ့ ပစ်တယ်။ ၂ လုံးက ထမင်းစားဆောင်နဲ့ လူပျိုဆောင်ကို ကျရောက်ပေါက်ကွဲတာ။ စစ်သား ၂ယောက်သေတယ်။ရဲဘော်တွေပဲ။ နောက် ဗိုလ်မှူး ပီအေတစ်ယောက် လက်ထိတယ်လို့သိရပါတယ်။ ရေကြောင်းကပဲ ဒဏ်ရာရသူတွေကို ရန်ကုန်ကို ယူသွားပါပြီ။ ရှော့တို
ကွင်းဝိုင်းရေတပ်အတွင်းသို့ ဇူလိုင်လ ၂၀ ရက်နေ့က ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံ၇ပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင် စစ်ကောင်စီကလေယာဉ်ဖြင့် ရေတပ်အနီးရှိ ကျွဲသောက်ရွာကို ဗုံးလာကြဲခြင်းဖြစ်သည်။
“ ကျွဲသောက်က ရေလမ်းခရီးကသွားရင် ကွင်းဝိုင်းရေတပ်နဲ့ပိုနီးတယ်။
ကျွဲသောက်ကျေးရွာသည် ကွင်းဝိုင်းရေတပ်နှင့်ရေလမ်းမှ ၂၀ မိနစ်ခန့်သွားခန့်သွားလာပါက ရောက်ရှိနိုင်ပြီး ဒေသခံတစ်ဦးကပြောဆိုသည်။
သံတွဲမြို့ တောင်ဖက်ပိုင်း ဇလွန်-သပြုချိုင်လမ်းပိုင်းရှိ ဆင်ဒင်လေး ကျေးရွာနှင့် ကျီးကန်းရဲ လမ်းဆုံတို့တွင်လည်းဇူလိုင်လ ၂၁ ရက်နေ့တွင် ပစ်ခတ်မှုတစ်ချို့ရှိခဲ့ပြီး ကျွဲသောက်ကျေးရွာနှင့်နီးသည့် ဆင်
နိရဉ္စရာ၏ သတင်းရင်းမြစ်တစ်ဦးက “ကွင်းဝိုင်းရေတပ်စခန်းကို သံတွဲ- ဇလွန်ရွာ လမ်းခွဲကနေ သွားရပါတယ်။ လမ်းတစ်လျှောက်မှာဆင်ဒင်ကြီး၊ ဆင်ဒင်လေး၊ သစ်ကောက်၊ ကွင်းဝိုင်း၊ မောင်ရွှေလေး၊သပြုချိုင်ဆိုတဲ့ ရွာတွေရှိပါတယ်။ ရေတပ်က ကွင်းဝိုင်းမှာ ရှိပါတယ်။ အရင် နှစ်ရက်လောက်က ကွင်းဝိုင်းရေတပ်ကိုသွားရာလမ်းတစ်လျှောက် တံတားတွေကို စကစက ချိုးဖျက်ပစ်ပါတယ်။ အခု မနက်က သတင်းက ဆင်ဒင်ကြီး၊ဆင်ဒင်လေး၊ ကျီးကန်းရဲရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သတင်း၇ပါတယ်”ဟု ပြောကြားသည်။
ရခိုပြည် သံတွဲမြို့နယ်တွင် နောက်ဆုံးလက်ကျန် အခြေစိုက်စခန်း ကွင်းဝိုင်းရေတပ်ကို ခံစစ်အတွက် စစ်ကောင်စီက ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေတပ်အဝင် ကားလမ်းပေါ်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။
ရေတပ်ရှေ့လမ်းအားပြည်သူများ ဖြတ်သန်းသွားလာကို ခွင့်မပြုတော့သဖြင့် မောင်ရွှေလေးနှင့် ကျောက္ကလပ် ကျေးရွာများမှ ဒေသခံများမှာလည်း ရွာထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။
လက်ရှိ ဇလွန်-သပြုချိုင်းလမ်းတစ်လျှော
(ဓာတ်ပုံ- ရခိုင်ရှိရေတပ်တစ်ခုကို ပုံအဖြစ်ဖော်ပြထားခြင်းသာဖြစ်ပါသည်။ သတင်းနှင့် သက်ဆိုင်မှု မရှိပါ)