သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

သံတွဲတိုက်ပွဲတွင် ရေတပ်မှ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၁၀ ယောက်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင်၂၂ / ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့တောင်က်ပိုင်း ကွင်းဝိုင်းရေတပ်စခန်းအနီးတွင် အာရက္ခတပ်တော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲကြားထဲက တပ်ကြပ်ကြီး တစ်ဦးအပါအ၀င် တပ်သား ၁၀ဦးခန့် ထွက်ပြေးသွားကြောင်း ရေတပ်နှင့် နီးစပ်သူဒေသခံတစ်ဦးထံမှ တဆင့်သိရသည်။

ဆင်ဒင်လေးနဲ့ သရက်ပင်ကွင်းကြားမှာ ကျွဲသောက်ကိုသွားတဲ့လမ်းခွဲမှာတိုက်ပွဲဖြစ်နေတာ ၂ရက်ရှိပြီရေတပ်က တပ်သားတွေက ပြန်ဆုတ်ချင်နေတာ ဆုတ်ခွင့်မပေးဘူးအဲ့တော့ တပ်ကြပ်ကြီးဆန်းဦးနဲ့ တပ်သား ၁၀ ယောက် လက်နက်တွေနဲ့ အတူထွက်ပြေးသွားတယ်ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၂၁ ရက်ညပိုင်းက သရက်ပင်ကွင်းကျေးရွာအား စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် တိုင်းရင်းဆေးဆရာ ဦးကျော်သိန်း အသက် ၆၀ နှစ်ဗုံးထိပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှပြောသည်။

ဒီလ ၂၁ ရက်နေ့က ကျွဲသောက်ရွာကို ဟိုနေ့က ဗုံးကြဲထားတာလည်း ဖွတ်ဖွတ်ကြေသွားတယ် လူအထိအခိုက်ရှိတယ်လို့ ကြားတယ်။ နောက်သရက်ပင်းကွင်းကို ရေတပ်ကလက်နက်ကြီးနဲ့ပစ်တာ အသက် ၆၀ ကျော်အဖိုးကြီး တစ်ဦးသေသွားတယ်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မောင်ရွှေလေးရွာအနီးမှ ကွင်းဝိုင်းရေတပ်စခန်းကို AAက ထိုးစစ်ဆင် တိုက်ခိုက်နေပြီဟု ထင်မြင်မိကြောင်း ၎င်းက ပြောသည်။

လက်နက်ကြီးက နေ့ရော ညရော ပစ်နေတယ်။ အေအေက ကွင်းဝိုင်းရေတပ်ဖက်ကို ထိုးစစ်ဆင်လာတာ ရေတပ်အနားက ရွာတွေက မ်းရှောင် နေကြရပြီဟုဒေသခံတစ်ဦးမှပြောသည်။

ဇူလိုင်လ ၂၁ ရက်ညပိုင်းကသံတွဲမြို့နယ် ကွင်းဝိုင်း ကျေးရွာမှ ရေတပ်ကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရပြီး နောက်ပိုင်းတွင် စစ်ကောင်စီက ရေတပ်အနီး ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်းဒေသခံများကဆိုသည်။

အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေက ၂နေရာရှိတယ်သံတွဲ-ဂွလမ်းပေါ်က ကျောက်ကြီးကျေးရွာ နောက်ဖက်က ငပန်ရွာနဲ့ စမ်းဝ ဆိုတဲ့နေရာရယ်ဆင်ဒင်လေးနဲ့ သရကပင်ကွင်းကြားရယ် အဲဒီမှာ ဖြစ်နေကြတာ။ လက်နက်ကြီးကတော့ ဆက်တိုက်ပစ်သံကြားရတယ်ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဇလွန်သပြုချိုင်လမ်းပေါ်ရှိ တံတားများအားဖျက်ဆီးထားပြီး လမ်းတစ်လျှောက်တွင်လည်း မြေမြုပ်မိုင်းများထောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ဆက်စပ် သတင်းများ