Preview

ဂွမြို့နယ်တွင် ၆ ရက်ကြာ ပျောက်ဆုံးနေသည့် စစ်ရှောင်တစ်ဦး၏အလောင်းအား တွေ့ရှိ

ဇူလိုင် ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :951
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ ဇူလိုင် ၂၄ / ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နှင့် ရဟိုင်ကူးတို့ကျေးရွာကြားရှိ တိုင်ကျိုးချောင်းပေါက် ဒီရေတောအတွင်း အမျိုးသားတစ်ဦး၏ အလောင်းကို ယမန်နေ့ညနေက ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအလောင်းမှာ သံတွဲမြို့နယ်မှ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ၆ ရက်ခန့်ရှိပြီဖြစ်သည်ဟု အလောင်းအား သယ်ယူဆောင်ရွက်ပေးခဲ့သည့် ဂွမြို့မှ ထာ၀ရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"သူက သံတွဲကနေ စစ်ရှောင်လာတာလို့ပြောတယ်။ ဂွမှာ ဘယ်လောက်နေခဲ့လဲ ကျနော်လည်းမသိဘူး။ ပျောက်တဲ့ရက်ကတော့ ၆ ရက်လောက်ရှိပြီလို့ပြောတယ်" ဟု ပြောသည်။

သေဆုံးခဲ့သူသည် ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာတွင် စစ်ဘေးရှောင်နေထိုင်ခဲ့ပြီး ကျန်းမာရေးလည်းမကောင်းဟု ဆိုသည်။



"သူက ရဟိုင်ကူးတို့ကျေးရွာမှာ နေခဲ့တယ်။ ကျန်းမာရေးလည်း မကောင်းဘူးလို့ သူနဲ့ နီးစပ်သူတွေကပြောတယ်။ အလောင်းကလည်း ရုပ်ပျက်နေပြီ။ အသက်အရွယ်ဘယ်လောက်။ နာမည်စတာတွေကိုလည်း ကျနော်တို့ မမေးခဲ့ရဘူး" ဟုဆိုသည်။

၎င်းအလောင်းအား ရဟိုင်ကူးတို့ကျေးရွာ သုသာန်သို့ ယနေ့ ဇူလိုင်လ ၂၄ ရက်၊ နံနက်က ထာ၀ရမေတ္တာနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး သူနှင့်နီးစပ်သူများက သင်္ဂြိုလ်ခဲ့သည်ဟု သိ၇သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်ကလည်း ဂွမြို့နယ်ရှိ၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ဆေးခံရန်စောင့်နေသည့် သက်ကြီးပိုင်းတစ်ဦး အစာနင်ပြီး သေဆုံးခဲ့၇သည်။

ဓာတ်ပုံ - ထာ၀ရမေတ္တာနာရေးကူညီမှုအသင်း

#ဂွမြို့နယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.