ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇူလိုင် ၂၄ / ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ကုလရောင်ကျေးရွာကမ်းခြေတွင် ယနေ့ နေ့လယ်က မျက်လုံး အဝတ်စဖြင့် ချည်နှောင်ပြီး ခြေထောက် သံကြိုးချည်ခံထားရကာ လက်နောက်ပြန်ကြိုး တုပ်ခံထားရသည့် အရပ်ဝတ်ဖြင့် အလောင်းရ လောင်းကို တွေ့ရှိခဲ့ရသိ၇သည်။
၎င်းအလောင်း ရ လောင်းစလုံးမှာ အမျိုးသားအလောင်းများဖြစ်ပြီး ကုလရောင်ကျေးရွာ ကမ်းခြေ သဲသောင်တွင်လာပါးသည်ဟု မျက်မြင်ဒေသခံများကနိရဥ္စရာသတင်းဌာနသို့ပြောသည်။
ဒေသခံကျေးရွာသားတစ်ဦးက "အလောင်းတွေကအမျိုးသားတွေချည်းပဲ ခုနစ်လောင်းလာပါးနေတာ။ နေ့လယ်တစ်နာရီလောက် ကစပြီး တွေ့တာအလောင်းတွေကို။ပွပွရောင်နေပြီအလောင်းတွေက" ဟု ပြောသည်။
ယနေ့ဇူလိုင်လ၂၄ ရက်၊ နေ့လယ်တစ်နာရီ ဒီရေကျချိန်တွင် ကုလားရောင်ကမ်းခြေသောင်ခုံပေါ်တွင် အဆိုပါအလောင်းများတင်ကျန်ရစ်ခဲ့ပြီး ရွာသားများက ယူဆောင်ကာ သင်္ဂြိုလ် ပေးခဲ့၇သည်ဟု ပြောသည်။
" အလောင်းတွေကပွနေတော့အကြာကြီးထားလို့မရဘူး။ရွာကလူတွေ သေချာသဂြိုလ်ပေးလိုက်ပါပြီ"ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါအလောင်းများထဲတွင်တချို့အလောင်းများမှာခြေထောက်များကို သံကြိုးတုပ် သော့ခတ် ထားကြောင်း၊ တချို့အလောင်းများမှာလက်နောက်ပြန်ကြိုးတုပ်ခံထားရကြောင်း၊ တချို့ အလောင်းများမှာမျက်လုံးကိုအဝတ်စဖြင့် စည်းပိတ်ခံထားရကာ အလောင်းများ အားလုံးလိုလိုတွင်နှိပ်စက်ညှဥ်းပန်းခံထားရသည့် ဒဏ်ရာများကိုတွေ့၇ကြောင်းမျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
" ခြေထောက်မှာသံကြိုးတပ်သော့ခတ်ထားတဲ့အလောင်းလည်းပါတယ်။ လက်နောက်ပြန် ကြိုး တုပ်ခံထားရတာလည်းပါတယ်။ မျက်လုံးကိုအဝတ်စနဲ့ ချည်ခံထားရတဲ့အလောင်းလည်းပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဒဏ်ရာတွေချည်းပဲ။ မသေခင်မှာအတော်လေး နှိပ်စက် ခံထားရပုံပေါ်တယ်"ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
အဆိုပါအလောင်းများမည်သည့်နေရာမှ မျောပါလာသည်ကို လတ်တလောတွင် နိရဥ္စရာအနေဖြင့် အတည် မပြုနိုင်သေးဘဲဆက်လက်စုံစမ်းနေသည်။
လက်ရှိအလောင်းများတွေ့သည့်ကုလရောင်အပါအဝင် အနီးအနား ပန်းတင်တိုက်နယ်ကျေးရွာများတွင်ဖုန်းလိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေ၍ အလောင်းဓာတ်ပုံများကို နိရဥ္စရာအနေဖြင့် မဖော်ပြနိုင်သေးပေ။
ပုံစာ- ၂၀၂၃ ခုနှစ် မိုးတွင်းက ကုလရောင်ကမ်းခြေတစ်နေရာကို တွေ့၇စဉ်