Preview

မောင်တောမြို့ပေါ်တွင် တိုက်ပွဲကြားပိတ်မိနေသည့် လူမျိုးပေါင်းစုံပြည်သူများကို AA က ကယ်ထုတ်နေပြီး တချို့နေရာများတွင် တိုက်ပွဲဖြစ်ပွားနေ

ဇူလိုင် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :4125
ရခိုင် သတင်း

သဥ္ဇာနွယ်နိရဥ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၄

၇ခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့
ပေါ်တွင် တိုက်ပွဲကြားပိတ်မိနေသည့် လူမျိုးပေါင်းစုံ ပြည်သူများအား အာရက္ခတပ်တော်(AA)ကကယ်ထုတ်ပေးနေပြီး တချို့ကယ်ထုတ်နေသည့် နေရာအချို့တွင်စစ်ကောင်စီပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိ၇သည်။

မောင်တောဒေသခံ တစ်ဦးက တိုက်ပွဲအတွင်းမှာပိတ်မိနေကြတဲ့ ရခိုင်လူမျိုးအပါအဝင် ဟိန္ဒူတွေ၊ မွတ်ဆလင်တွေကို အာရက္ခတပ်တော်ကကူညီကယ်ထုတ်ပေးတာတွေရှိတယ်။ ပိတ်မိနေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ညှင်းပန်းနှိပ်စက်တာတွေကိုမခံနိုင်လို့အာရက္ခတပ်တော်ကို ကယ်ထုတ်ဖို့ တောင်းဆိုလာတာတွေကြောင့် အာရက္ခတပ်တော်ကစစ်ကောင်စီရဲ့ တိုက်ခိုက်မှု ကြားထဲက ကယ်ထုတ်ပေးခဲ့တာပါဟုပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကို ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် ပြုနေပြီး ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်ဟု၎င်းက နိ၇ဉ္စရာသတင်းဌာနကိုပြောသည်။

လက်ရှိတွင် မောင်တော ရွှေဇား၊ အောင်ဗလနှင့် ဝိမလကျေးရွာနှင့်နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့မှာထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု နောက်ထပ် မောင်တောမြို့ခံတစ်ဦးကနိရဥ္စရာသတင်းဌာနကိုပြောသည်။

တိုက်ပွဲပြင်းနေတာ မနေ့ကလည်း တစ်နေကုန်ဖြစ်တယ်။ဒီနေ့မနက်ကလည်းတိုက်ပွဲတွေ ပြင်းလို့ရှိနေတယ်ဟုပြောသည်။

ယခုလို မောင်တောမြို့ပေါ်တွင်ပိတ်မိနေသည့် ပြည်သူများအား ကယ်ထုတ်နေခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူဦးခိုင်သုခမှလည်း နိရဉ္စရာသို့ အတည်ပြုပြောဆိုသည်။

လက်ရှိမောင်တောတွင် မြို့အဝင်နားပတ်ဝန်းကျင်တို့တွင်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိပြီး မောင်တောမြို့ပေါ်တိုက်ပွဲလည်းနီးကပ်လာပြီဟု မောင်တောဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီနှင့်အပေါင်းအပါတို့သည်မောင်တောမြို့အနီးအနားတစ်ဝိုက် မြေမြှုပ်မိုင်းပတ်ပတ်လည်ထောင်ထားပြီး ပိတ်မိနေသည့်ဒေသခံများ
အနေဖြင့် အန္တရာယ်ကြားက အာရက္ခတပ်တော်၏ အကူအညီများကို ယူကာ မောင်တောမြို့ပေါ်ကနေ ထွက်ပြေးနေကြရသည်ဟု သိ၇သည်။

မောင်တောမြို့ထဲက ထွက်ပြေးလွတ်မြောက်လာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်စားသောက်ရေးများလိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပုံဟောင်း

#မောင်တောမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.