Preview

သံတွဲရှိ "သူဌေးချောင်း ဆည်" စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေ၍ ဆည်အနီးနေထိုင်သူများ အရေးပေါ်ရွှေ့ပြောင်းကြရန် AA သတိပေးချက်ထုတ်ပြန်

ဇူလိုင် ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :2647
ရခိုင် သတင်း

မောင်စာဂ၊ နိရဥ္စရာ၊ဇူလိုင် ၂၇/၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်ရှိ "သူဌေးချောင်း ဆည်"သည် စိုးရိမ်ရေမှတ်အနီရောင်အဆင့်ကို ကျော်လွန်လာနေ၍ ဆည်အနီးနေထိုင်သူများအနေဖြင့်အရေးပေါ်ရွှေ့ပြောင်းကြရန် အာရက္ခတပ်တော်(AA)က ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀ နာရီ၄၀ မိနစ်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

ယခုရက်များအတွင်းရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ်သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည်စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင်"ယနေ့ ဇူလိုင်လ (၂ရ)ရက်၊ နံနက်(၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရက္ခိုင်ပြည်၊ သံတွဲမြို့၊ "သူဌေးချောင်းဆည်"သည် လည်း စိုးရိမ်ရေမှတ် (အနီရောင်အဆင့်)ကို ကျော်လွန်လာနေပြီဖြစ်သည်။ ဆက်လက်၍လည်းယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့်နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ "အမြန်ဆုံး" ချက်ချင်း ရွှေ့ပြောင်းပေးကြပါရန်အရေးပေါ်ထုတ်ပြန်အပ်ပါသည်"ဟု ဖော်ပြထားသည်။



AA အနေဖြင့် လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက်ကြိုတင်အသိပေးထားခဲပြီး ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကိုကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟုAA က ဆိုထားသည်။

မိဘပြည်သူများအနေဖြင့်လည်းကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း AA က အလေးအနက် တိုက်တွန်းထားသည်။

လက်ရှိရခိုင်တစ်ပြည်လုံးနီးပါးတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာမိုးအဆက်မပြတ်ရွာသွန်းနေပြီး ယင်းအနက်သံတွဲနှင့်တောင်ကုတ်မြို့နယ်တို့တွင်ရေကြီးရေလျှံမှုများပင်ဖြစ်ပေါ်နေ၍ ဒေသခံများတွင် နေထိုင်စားသောက်ရေးအလွန်တရာခက်ခဲနေကြသည်ဟု သိရသည်။

ယင်းအပြင် ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးဖြစ်သည့်ဂွမြို့နယ်နှင့် ဧရာ၀တီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်သို့ဆက်သွယ်ထားသည့် ရိုးလမ်းပေါ်ရှိ ဒေသအခေါ် ၁၇မိုင်တွင် ယနေ့ ဇူလိုင်လ ၂ရရက်၊ နံနက်အစောပိုင်းမှစတင်ကာ လမ်းပြိုကျနေ၍ကုန်ကားများနှင့် ခရီးသည်တင်ကားများ သွားလာမ၇ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

 ဓာတ်ပုံ- AA

 

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.