Preview

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း သံတွဲဇာတိ ဗိုလ်မှူးတစ်ဦး စနိုက်ပါထိမှန်သေဆုံးဟု သတင်းထွက်လာ

ဇူလိုင် ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :5287
ရခိုင် သတင်း

ကံ့ကော်နီနီ၊နိရဉ္စရာ၊ဇူလိုင် ၂၈ / ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ၇ခိုင်ပြည်၊ သံတွဲဇာတိ ဗိုလ်မှူးတစ်ဦးမဟာမိတ်တပ်များ၏ စနိုက်ပါကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်။

သေဆုံးသွားသည့်ဗိုလ်မှူးမှာ ၇ခိုင်ပြည်၊သံတွဲမြို့မှ ဦးဇော်သိန်းနှင့် ဒေါ်တင်အေးတို့၏ သားဖြစ်သူ ဗိုလ်မှူးအောင်ထွန်းလင်း(ခ)ဖိုးသာထူးဟု အဆိုပါသတင်းများက ဖော်ပြထားသည်။

၄င်းသည်ဇူလိုင်လ ၂၅ ရက်၊ ညအချိန် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းစနိုက်ပါကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်းသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါဗိုလ်မှူးကျဆုံးသည့်သတင်းနှင့်ပတ်သက်၍စစ်တပ်အသိုင်းအဝိုင်းက အတည်ပြု ထားပြီး ဇူလိုင် ၂၅ ရက်နေ့ ညနေ ရ နာရီခန့်တွင် လားရှိုးမြို့တွင်တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့သည်ဟု ဖော်ပြထားသည်။

စစ်လော်ဘီ ပို့စ်တစ်ခုကလည်း “ ကောင်းရာသုဂတိလားပါစေ၊ နောင်ဘ၀ ငြိမ်းချမ်းတဲ့တိုင်းပြည်မှာလူပြန်ဖြစ်ပါစေ” ဟုလည်း ရေးသားထားသည်။

ရှမ်းပြည်နယ်၊မြောက်ပိုင်း၊ လားရှိုးမြို့ရှိစစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ဇူလိုင် ၂၅ ရက်၊ နံနက် ၄ နာရီတွင် လုံး၀သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့သည် လုံး၀လွတ်မြောက်သွားပြီဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ၂၆ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင်MNDAA တပ်၏အမြောက်တပ်ရင်းများ ပူးပေါင်း၍ လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်ရှိနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ရ နာရီခွဲတွင် တိုးဂိတ်ကိုအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်အုပ်စုသတင်းရင်းမြစ်များထံမှထွက်ပေါ်နေသည့်ဗိုလ်မှူးအောင်ထွန်းလင်းပုံ။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.