Preview

မောင်တောတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၍ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

ဇူလိုင် ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :2873
ရခိုင် သတင်း

သဉ္ဇာနွယ်
နိရဉ္စရာ၊ ဇူလိုင် ၂၉/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏တပ်ရင်းကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဆယ်ကျော်သက် မိန်းကလေး ၁ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ မောင်တောမြို့နယ်၊ ကံသာယာကျေးရွာမှ မဝါဆိုမိုး(၁၃)နှစ်၊ ဒေါ်မသန်းစိန်အသက်(၄၂)နှစ်၊ ဒေါ်ညိုမ (၇၃)နှစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူဦးဘထွန်းအောင် (၄၇)နှင့် ဦးကျော်ဘန်းအောင် (၆၆)နှစ်တို့ဖြစ်သည်။

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က စစ်ကောင်စီ၏
  မြို့သူကြီး နခခ (၅)တပ်ရင်းက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ကာ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုမောင်တောဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"မောင်တောမှာက မြို့အနီးနားတိုက်ပွဲတွေအရှိန်အဟုန်ကောင်းလာတော့စစ်ကောင်စီဘက်ကလည်း နီးစပ်ရာတွေအကုန်လုံးကို တပ်ရင်းတွေကနေလှမ်းပစ်တယ်။ မနေ့ကဆိုရင်ကံသာယာကျေးရွာမှာ ကျည်တွေကျလို့ လူ ၅ ယောက်ဒဏ်ရာရတယ်။ ဦးကျော်ဘန်းအောင်နဲ့ဦးဘထွန်းအောင်တို့က သတိမေ့ပြီး ဒဏ်ရာပြင်းထန်နေတယ်" ဟုပြောသည်။

လက်ရှိတွင် မောင်တောမြို့နှင့်အနီးတစ်ဝိုက်တွင်တိုက်ပွဲများပြင်းထန်လျက်ရှိပြီး
 ဒဏ်ရာရသူများကိုလည်းနီးစပ်ရာတွင် အရေးပေါ်ဆေးကုသမှုပေးနေ၇  ကြောင်း  မောင်တောဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"နှစ်ယောက်ကတော့ ဒဏ်ရာအတော်ပြင်းလို့ နီးစပ်ရာမှာဆေးကုသမှုပေးနေရတယ်။ ခန္ဓာကိုယ်အနှံ့အပြားမှာ ဒဏ်ရ၇သွားတာ" ဟုပြောသည်။

ကံသာယာကျေးရွာသည် ရခိုင်ရွာဖြစ်ပြီး အိမ်ခြေ (၆၀)ကျော်ခန့်ရှိကြောင်းသိ၇သည်။

ရခိုင်တွင် စစ်ရေးအရရှုံးနိမ့်နေသောစစ်ကောင်စီသည်တိုက်ပွဲနှင့်မသက်ဆိုင်သည့်
  အရပ်သားပြည်သူများကိုစစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိ၇သည်။

 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.