Preview

ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်းများနှင့် အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရမိနေ

ဇူလိုင် ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1179
ရခိုင် သတင်း

နိရဉ္စရာ၊ဇူလိုင် ၂၉/၂၀၂၄

ကျောက်မဲ၊ မိုးကုတ်နှင့်မိုးမိတ်မြို့များတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်း (၂၀) ဦးကိုလက်ရဖမ်းမိကာ လက်နက်ခဲယမ်း(၇၀)ကျော်သိမ်းဆည်း၇မိကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် တအာင်းတပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအားတအာင်းတပ်မတော် TNLA မှလိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းဆီး၇မိထားပြီး လက်နက်ခဲယမ်း (၂၃) လက်သိမ်းဆည်း ၇မိခဲ့သည်ဟု ဖော်ပြထားသည်။


၎င်းပြင် ကျောက်မဲမြို့တွင်တအာင်းတပ်မတော် TNLA နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားပြီးတပ်မ (၁၁)၊ ခမ၇ (၅၀၁) တပ်စခန်းတို့၌ စစ် ကောင်စီထံမှ လက်နက် (၃ရ)လက်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း၇မိခဲ့သည်။

စစ်ကောင်စီထံမှ သိမ်းဆည်း၇မိထားသည့်လက်နက်များမှာ  MA1 (၉)လက်၊MA2 (၂)လက်၊ MA3 (၁၅)လက်၊MA11 (၆)လက်၊ M22 (၁)လက်၊RPG (၁)လက်၊ ၄၅ မမ (၁)လက်၊ ၆၀မမ (၁)လက်၊ Pistol(၁)လက်အပြင်စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင်လည်း လက်ကျန်စစ်ကောင်စီတပ်စခန်းများအားတအာင်း တပ်မတော်TNLA မှ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏လုံခြုံရေးကုန်းမှ သေနတ်(၈)လက်၊ RPG (၁)လက်၊ငါးကျည်းမြှီး (၁)လက်၊ ၆၀မမ ပြောင်းတို (၁)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ၈၁ မမနောက်ပွင့် (၁)လက် စုစုပေါင်း (၁၃)လက် သိမ်းဆည်း၇မိထားသည်ဟု ဆိုသည်။


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.