မောင်စာဂနှင့် နောင်မင်းသူ၊နိရဉ္စရာ၊ ဇူလိုင်၃၀/၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့ရှိမြို့သူကြီးနခခ (၅)တပ်ရင်းတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ သေနတ်သံများပြင်းထန်စွာထွက်ပေါ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက နိရဉ္စရာကို ပြောသည်။
မောင်တောမြို့နှင့် ၂မိုင်ကျော်အကွာရှိ အမှတ်(၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၅) တပ်ရင်းတွင်ယနေ့ဇူလိုင်လ ၃၀ ရက်၊ နံနက်အစော ရ နာရီခန့်မှစတင်ကာ လက်နက်ကြီး၊လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်သံများကိုကြားနေရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"လက်နက်ကြီးပစ်သံတွေ၊လက်နက်ငယ်ပစ်သံတွေတော့ အပြန်အလှန် ကြားနေ၇ပါတယ်။ မောင်တော နခခ ၅တိုက်ပွဲပြင်းထန်နေပုံ၇ပါတယ်"ဟု ပြောသည်။
၎င်းပြင် မောင်တောမြို့ ပတ်ပတ်လည်တွင်လည်းနေ့စဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင်လ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့များ၌အာရက္ခတပ်တော်မှရွှေဇား နှင့် မြို့မကညင်တန်း ရပ်ကွက် များရှိ စစ်ကောင်စီတပ်စခန်းများကို AA က ဒရုန်းများဖြင့်အပြင်းအထန် ဗုံးချတိုက်ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီဘက်မှ အကျအဆုံး ရှိသောကြောင့် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကြား သိ၇သည်။
"အေအေ ဖက်ကရွှေဇားတံတားအနီးက စခန်း တွေကို ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်နေတာတော့ ကြာပြီ။မနေ့ကမနက်နဲ့ ဒီနေ့တစ်နေ့လုံးကညင်တန်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ မွတ်ဆလင် စစ်သားတွေ စခန်း ချတဲ့နေရာတွေကို ဒရုန်းတွေနဲ့အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြတယ်။ စစ်ကောင်စီဖက်က အထိနာတော မနေ့က ည ရ နာရီကျော်လောက်မှာ အေအေရှိတဲ့နေရာတွေကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်နဲ့ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိ၇တယ်"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မောင်တောမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းများအား အာရက္ခတပ်တော်ဖက်မှ အလုံးစုံသိမ်းပိုက် အပြီး တစ်ခုတည်းကျန်ရှိနေတဲ့အမှတ်(၅)နယ်ခြားစောင့်တပ်ဖွဲ့ခွဲနခခ(၅)နှင့်မောင်တောမြို့တစ်ခုလုံးသိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တစ်လကျော်အထိ ကြာမြင့်လာနေပြီး တိုက်ပွဲများမှာလည်း နေစဉ်ဖြစ်ပွါးလျှက်ရှိနေဆဲလည်းဖြစ်သည်။
လက်ရှိတွင် မောင်တောမြို့အနီးတိုက်ပွဲအရှိန်ကောင်းလာနေ၍ အဆိုပါနခခ (၅)တပ်ရင်းသည် အနီးအနားကျေးရွာများကိုလက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသန်းပစ်ခတ်နေသည်ဟုဒေသခံများက ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ၂၈ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်ကလည်း အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်
ယင်းဖြစ်စဥ်ကြောင့်ထိုရွာမှဆယ်ကျော်သက်မိန်းကလေး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိသွားခဲ့ပြီး ယင်းအနက်သက်ကြီးပိုင်းအမျိုးသားနှစ်ဦး
မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုကိုအာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထားပြီး ဖြစ်သည်။
လက်ရှိတွင်မောင်တောမြို့နယ်အတွင်း ရွှေဇား၊ အောင်ဗလနှင့် ဝိမလကျေးရွာနှင့်နေရာအနှံ့အပြားတွင် ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိ
စစ်ကောင်စီဘက်မှ စစ်သင်တန်းဆင်းလက်နက်ကိုင်များနှင့် အာဆာရ်၊ အေအာရ်အေနှင့်အာရ်အက်စ်အိုအဖွဲ့များကပါအင်အားအလုံးအရင်းဖြင့်ခုခံနေ၍ မောင်တောမြို့သိမ်းတိုက်ပွဲမှာ အထူးပြင်းထန်လျက်ရှိကြောင်း သိ၇သည်။