Preview

မောင်တောတွင် လက်နက်ကြီးကျည်စထိမှန်၍ဟိန္ဒူဘာသာဝင်အမျိုးသမီးငယ် ၁ ဦး သေဆုံး

ဇူလိုင် ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :3274
ရခိုင် သတင်း

သဉ္ဇာနွယ်

နိရဉ္စရာ၊ဇူလိုင် ၃၀/၂၀၂၄

၇ခိုင်ပြည်၊မောင်တောမြို့နယ်တွင် အသက် ၁၀ နှစ်ကျော်အရွယ် ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ် ၁ ဦးသည်လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားကြောင်း သိ၇သည်။

သေဆုံးသွားသူမှာမောင်တောမြို့နယ်၊ မြို့သစ်မြို့ အရှေ့ရပ်ကွက် ဟိန္ဒူရွာမှမနောန်ဒီ (၁၂) နှစ်ဖြစ်သည်။

 သူမသည်ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၉ နာရီခန့်က မောင်တော ကညင်တန်းဈေးသို့ဆန်သွားဝယ်သည့် မိခင်ဖြစ်သူ၏ နောက်သို့ လိုက်သွားစဉ်ကညင်တန်းဟိန္ဒူကယ်ဆယ်ရေးလမ်းသို့အရောက် မြို့သူကြီး အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်စထိမှန်၍ ညာဘက်ခြေထောက် ဒူးခေါင်းအောက်မှ ပြတ်ထွက်သွားပြီးသွေးထွက်လွန်ကာ နောက်တစ်နေ့ ဇူလိုင် ၂၈ ရက်တွင် သေဆုံးခဲ့ရသည်ဟု မောင်တောမြို့ခံဟိန္ဒူဘာသာဝင်အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

 "ကလေးမကဆန်သွားဝယ်တဲ့ အမေနောက်ကို လိုက်သွားတဲ့အချိန်မှာ တိုက်ပွဲလည်းမရှိဘဲနဲ့ နခခ ၅ကလက်နက်ကြီးပစ်လိုက်လို့ ကျည်ထိမှန်ပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့တယ်။ သူ့အမေကသူနဲ့ အလှမ်းဝေးတဲ့နေရာမှာဖြစ်လို့ ဘာမှမဖြစ်သွားဘူး။ သွေးထွက်လွန်လို့ဆေးကုသဖို့လည်းမရလိုက်တော့ နောက်တစ်နေ့မနက် အရုဏ်တက်အချိန်မှာသေဆုံးသွားခဲ့၇တယ်" ဟုပြောသည်။

မောင်တောမြို့အနီးတစ်ဝိုက်တွင်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARA နှင့်စစ်ကောင်စီတို့ ဝိုင်းဝန်းပိတ်ဆို့ထားသည့်အတွက် သေဆုံးသူ၏ ရုပ်အလောင်းကိုမိမိကျေးရွာ၏ နေရာလွတ်ရှိသည့်နေရာတွင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ရသည်ဟုကျေးရွာသားတစ်ဦးက ပြောသည်။

 "အဲဒီမှာသေတဲ့ဟိန္ဒူဘာသာဝင်တွေက သင်္ချိုင်းကိုလည်း သွားလို့မ၇ဘူး။ လမ်းတွေအနားမှာ ARA တွေ၊စစ်ကောင်စီတွေရှိတယ်။ ရွာရဲ့ နေရာလွတ်မှာပဲ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့၇တယ်"ဟု ပြောသည်။

 ပြီးခဲ့သည့်ဇူလိုင် ၂၈ ရက်ကလည်း မောင်တောမြို့နှင့် ၂ မိုင်ကျော်အကွာရှိ နခခ (၅) တပ်ရင်းကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ထိမှန်၍ ကံသာယာကျေးရွာ(ရခိုင်)ရွာမှ  ဆယ်ကျော်သက် မိန်းကလေး ၁ ဦးအပါအဝင် ၅ဦးဒဏ်ရာရရှိသွားခဲ့သည်။

 ထိုတပ်ရင်းတွင်ယနေ့ ဇူလိုင်လ ၃၀ ရက်၊ နံနက်အစော ရ နာရီခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များအပြန်အလှန် ပစ်ခတ်သံများကို ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်နေကြရကြောင်းလည်းသိ၇သည်။

 မောင်တောတွင်ပိတ်မိနေသည့်ရခိုင်၊ ဟိန္ဒူနှင့် မွတ်ဆလင်အများစုမှာလည်း စားဝတ်နေရေး ကျပ်တည်းနေကြပြီးကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်လျက်ရှိကြောင်း သိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.