- Web Master
- ၂၅ သြဂုတ် ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ ဇူလိုင် ၃၁/၂၀၂၄
အာရက္ခတပ်တော် (AA) ၏ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံး များနေပြီး ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ပို့ဆောင်ခံရသည့် စစ်သင်တန်းဆင်း မွတ်ဆလင် လူငယ်အများအပြားပါဝင်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရှိရသည်။
"မနေ့က မောင်တောမြို့ပတ်လည်ကတိုက်ပွဲ တွေမှာ စစ်ကောင်စီတပ် နဲ့တိုက်ပွဲဝင်နေကြတဲ့ မွတ်ဆလင် လက်နက်ကိုင် ၃၀၀ ကျော်လောက် သေဆုံးသွားခဲ့တယ်လို့
လက်ရှိ မောင်တောမြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ အေအေ၏ ထိုးစစ်အား ခုခံကာကွယ် တိုက်ခိုက်နေရာတွင် မောင်တောမြို့ပေါ်က မွတ်ဆလင်လူငယ်များ ပါဝင်ခြင်း မရှိသလောက် နည်းပါးပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းများက ပို့ဆောင်ခံရသူများဖြစ်ကြသည်ဟု မောင်တော မွတ်ဆလင် အသိုင်းအဝိုင်းက ပြောသည်။
မွတ်ဆလင် ဒေသခံ တစ်ဦးက " မောင်တောမှာ လက်နက်ကိုင်ပြီးသွားနေကြတဲ့ စစ်သားတွေထဲမှာ
၎င်းလူငယ်များအား စစ်ကောင်စီက စစ်သင်တန်းနှစ်ပတ်ခန့်ပေးပြီး လက်နက်တပ်ဆင်ကာ အာရက္ခတပ်တော်နှင့် စစ်တိုက်ရာတွင် အသုံးပြုနေသည်ဟု သိရသည်။
ရွှေ
အဆိုပါ သေဆုံးသွားသည့် အရေအတွက်နှင့် ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ ယခုရက်ပိုင်း အတွင်း ထပ်မံပြင်းထန်လာနေပြီး စစ်ကောင်စီတပ်များနှင့် အတူ သင်တန်းဆင်းလက်နက်ကိုင်များသာမက ARSA,ARA,RSO စသည့် လက်နက်ကိုင်များမှ ပူးပေါင်းကာ ခုခံ တိုက်ခိုက်နေကြသည်ဟု ဒေသခံများက ပြောကြားသည်။
မောင်တောမြို့အမှတ်(၅)နယ်ခြားစေ
ပုံစာ- စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ်များအားတွေ့ရစဉ်။ (ဓာတ်ပုံ- အင်တာနက်)