Preview
Preview
Preview

စစ်ကောင်စီထိန်းချုပ်ဆဲ ဂွမြို့နယ်တွင် ဂွ-ဧရာ၀တီကားလမ်း ပျက်စီးနေမှု ဒေသခံများ ကိုယ်ထူကိုယ်ထပြုပြင်နေရ

ဇူလိုင် ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :549
ရခိုင် သတင်း

ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ဂွမြို့နယ်တွင် ဂွနှင့် ဧရာ၀တီတိုင်းဒေသကြီး၊ငါးသိုင်းချောင်းမြို့နယ်သို့ဆက်သွယ်ထားသည့် ကားလမ်းပျက်စီးနေမှုကို ဒေသခံများကကိုယ်ထူကိုယ်ထပြုပြင်နေရကြောင်း သိ၇သည်။

 ဂွမြို့နယ်နှင့် ငါးသိုင်းချောင်းသို့ဆက်သွယ်ထားသည့်ရိုးလမ်းပေါ်မှ ဒေသအခေါ် ၁၇ မိုင်တွင် မိုးသည်းထန်စွာရွာသွန်း၍မြေသားများနူးလာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်၊ မနက်အစောပိုင်းမှစတင်ကာမြေသားများနိမ့်ဆင်းသွားသည့်အပြင် အက်ကွဲရာများဆိုးဆိုးဝါးဝါးဖြစ်ပေါ်လာပြီးကားလမ်းမြေ ပြိုကျနေခြင်းဖြစ်သည်။

 ယင်းသို့ပြိုကျပျက်စီးနေမှုများကို ပြိုကျသည့်နေ့မှစတင်ကာယခုထိ ဒေသခံများနှင့် ကားသမားများကပူးပေါင်းပြီး တေဘာကားများကိုအသုံးပြုလျက်မြေနှင့်ကျောက်များကို တင်ယူသယ်ဆောင်၍ ကိုယ်ထူကိုယ်ထပြုပြင်သွားလာနေ၇ကြောင်းဂွမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

 "လမ်းကိုတော့ပြိုကျတဲ့နေ့ကတည်းက တောင်ပေါ်မှာ ဝါးနဲ့သစ်ခုတ်တဲ့သူတွေ။ ဒေသခံတွေနဲ့ ကားသမားတွေကကိုယ်ထူကိုယ်ထပြုပြင်နေကြတာပါ။ နိမ့်ဆင်းပြိုကျနေတဲ့ နေရာတွေမှာမြေနဲ့ကျောက်တို့ထပ်ဖို့တယ်။ ကားသွားလိုက်ရင် ပြန်နိမ့်ဆင်းသွားတယ်။ထပ်ဖို့ရပြန်တယ်။ အဲဒီလိုမျိုး နေ့တိုင်းလိုလိုပြုပြင်ပြီးသွားလာနေကြ၇ပါတယ်"ဟု ပြောသည်။

 လက်ရှိတွင် ယင်းပြိုကျနေသည့်လမ်းပိုင်းတွင် ဆိုင်ကယ်များ၊အိမ်စီးကားများနှင့် ၆ ဘီးကားများသာ သွားလာလို့၇ပြီး ကုန်တင် ၁၂ဘီးကားများသွားလာ၍မရဘဲ ရပ်ထားရကြောင်း သိ၇သည်။

 ကုန်ကားမောင်းသူတစ်ဦးက "ကျွန်တော်တို့ ကားသမားတွေကလမ်းအခြေအနေကိုသိကြတယ်။ ကိုယ့်မောင်းလာတဲ့ ကားရဲ့အလေးချိန်ကအဲ့ဒီလမ်းမှာသွားလာဖို့ အဆင်ပြေ၊ မပြေဆိုတာသိကြတယ်။ ကုန်ကားတွေကတော့ဒီဘက်ကမ်းမှာရပ်ထားရတယ်။ ကားပေါ်ကကုန်တွေကိုချပြီး နောက်တစ်ဘက်ကမ်းကိုပြောင်းရွေ့သယ်ယူပြီးတော့ခရီးဆက်နေကြ၇တယ်"ဟု ပြောသည်။

 စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ်အတွင်း ယခုကဲ့သို့အရေးပါသောလမ်းပိုင်း ဆိုးဝါးစွာပျက်စီးနေမှုကို စစ်ကောင်စီဘက်က တစ်စုံတရာတာဝန်ယူပြုပြင်ပေးခြင်းမရှိဘဲ လျစ်လျူရှုထားမှုမှာ မဖြစ်သင့်ဟုလည်း ဒေသခံများကပြောဆိုကြသည်။

 အလားတူ အဆိုပါကားလမ်းရှိ ဂွတောင်ကြားကားလမ်း၏ ဒေသအခေါ်  ၄ မိုင်နှင့် ၅ မိုင်ကြားတွင်လည်း ပြီးခဲ့သည့်ဇူလိုင်လ ၂၈ ရက်က မိုးများပြီး မြေသားများနူးလာ၍ တောင်မြေများ ပြိုကျခဲ့၇သည်။

 ထိုသို့လမ်းပြိုကျနေ၍ တောင်မြေများဆက်လက်ပြိုကျနိုင်သည့်အနေအထားကိုရောက်ရှိနိုင်ပြီး အန္တရာယ်ရှိသည့်အတွက်လမ်းသွားလမ်းလာ ခရီးသည်များအနေဖြင့် သတိထားသွားလာကြရန်လိုအပ်သည်ဟုလည်း ဒေသခံများကပြောသည်။

 ဓာတ်ပုံ - KGK

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.