နှင်းနွယ်နီ၊နိရဥ္စရာ၊ သြဂုတ် ၂/၂၀၂၄
ရခိုင်ပြည်နယ်မှမြို့နယ်တချို့တွင် ယခုနှစ် လယ်ကဏန်းများ ပေါများပြီး စိုက်ပျိုးထားသောမျိုးစပါးစေ့နှင့် စပါးပင်များကို လယ်ကဏန်းများက ကိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
မြောက်ဦး၊ပုဏ္ဏားကျွန်းနှင့် ပေါက်တောစသော မြို့နယ်များမှ ဒီရေရောက်သော မြစ်ကမ်း၊ ချောင်းကမ်းနားနီး ဒေသများတွင်ကြဲထားသော စပါးများနှင့်အပင်ပေါက်လာသည့် စပါးပင် ခြေရင်းများကိုလယ်ကဏန်း (ဒေသအခေါ် ဗလိ)များက ကိုက်ဖြတ်စားသောက်လိုက်၍ စပါးပင်များ မဖြစ်ထွန်းဘဲ ပျက်စီးမှုနှင့် ကြုံတွေ့နေကြရသည်ဟုလယ်သမားများက ပြောကြသည်။
မြောက်ဦးမြို့ထမ္မရာဇ်ရပ်ကွက်မှ လယ်သမားတစ်ဦးက“စပါးကြဲထားတာတွေက တစ်ပင်၊နှစ်ပင်လောက်ပဲ ပေါက်တယ်။ အကုန်လုံးလယ်ကဏန်းတွေက စားပစ်လိုက်ကြတယ်။ စပါးကြဲတာ နှစ်ခါကြဲ၊ သုံးခါကြဲဖြစ်နေပြီ။ ကြဲပြီးလို့သုံးရက်လောက်စောင့်ကြည့်ပြီး စမ်းကြည့်လိုက်တာနဲ့စပါးစေ့တောင် ရှာမရတော့ဘူး။ အားလုံး ကဏန်းတွေ ကိုက်စား သွားကြတယ်။ထွက်လာတဲ့ အပင်လေးတွေကိုလည်း အပင်ခြေရင်းကနေ ကိုက်စား ပစ်လိုက်ကြတယ်”ဟုပြောသည်။
မြောက်ဦးမြို့နယ်ရှိထမ္မရာဇ်၊ နကန်၊ ဝက်ခမောက်၊ချရား၊ ပုဇွန်ဖေ၊ နတ်ချောင်း၊ တင်းထိန်ကန်၊ စက်သားရွာနှင့်တခြားကျေးရွာတချို့တွင် လယ်ကဏန်းများကြောင့် ပျိုးပင်များ မအောင်မြင်၍ လယ်သမားများအခက်အခဲများဖြင့် ကြုံတွေ့နေကြ၇သည်ဟု ပြောကြသည်။
လယ်နှစ်ကြိမ်အထိထွန်ယက်ကာစပါးနှစ်ကြိမ်ကြဲထားပြီးပြီဖြစ်
“ဆီဈေးတွေကလည်း တအားတက်နေတယ်။ ဆီတစ်ပေပါကို သိန်း ၃၀ ရှိတယ်။ အခုလည်းစပါးထပ်ကြဲထားတယ်။ ဒီတစ်ခေါက်လည်း အပင်မထွက်လာဘူးဆိုရင်နောက်တစ်ခေါက် ထပ်ကြဲဖို့ မဖြစ်နိုင်တော့ဘူး။ ပိုက်ဆံတွေလည်း အကုန်များသွားပြီ”ဟုပြောသည်။
နောက်ထပ်မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှ လယ်သမားတစ်ဦးကလည်း ယခုကဲ့ကြုံနေရခြင်းမှာဟုတ်မှန်သည်ဟု နိရဥ္စရာကိုပြောသည်။
“အဲဒီအကောင်တွေအုပ်စုလိုက်ဖွဲ့ပြီးနေတဲ့နေရာဆို
စပါးများကိုလာမည့်နှစ်တွင် စားသုံးရန်အတွက်စိုက်ပျိုးခြင်းဖြစ်သောကြောင့် စိုက်ဧက လျော့ကျသွားမည်ဆိုလျှင်လာမည့်နှစ်တွင် ဝမ်းစာစပါး ခက်ခဲသွားနိုင်သည်ဟု သူက ဆိုသည်။
ထို့အပြင်ပုဏ္ဏားကျွန်းမြို့နယ်မှ မင်းဇီချောင်း၊ကြိမ်ချောင်း၊ လက်မဆိပ်၊ မာန်အောင်သားရွာ၊ ညောင်ခြုံနှင့် တခြားမြို့နယ်တချို့တွင်လည်းယခုကဲ့သို့ဖြစ်ပေါ်နေ၍ လယ်သမားများအခက်အခဲဖြစ်နေကြသည်ဟုသိ၇သည်။
အလားတူပေါက်တောမြို့နယ်မှ ပြွန်ခေါင်၊ချောင်းစောက်၊ ဆင်ပိုက်၊ ကြံဆိပ်၊ ပုဏ္ဏားကြီးနှင့် တခြားကျေးရွာတချို့တွင်လည်းယခုကဲ့သို့ဖြစ်ပေါ်နေပြီး ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရကာ ပြန်လည်စိုက်ပျိုးရန်မျိုးစပါးများနှင့်ထွန်ယက်စရိတ်လိုအပ်နေသည်ဟု လယ်သမားတစ်ဦးက ပြောသည်။
“ပြန်စိုက်ပျိုးမယ်ဆိုရင် မျိုးစပါးနဲ့ထွန်ယက်စရိတ်လိုပါမယ်။ မစိုက်ပျိုးနိုင်တဲ့သူတွေမှာတော့
ရခိုင်တွင်ယမန်နှစ် စပါးစိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သော လယ်ဧကမှာ ၈ သိန်းရှိခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် တိုက်ပွဲများနှင့်လယ်ယာထွန်စရိတ်မြင့်တက်မှုများ
သို့သော်အဆိုပါစိုက်ပျိုးဧက ၄ သိန်းအထဲမှ၄ သောင်းခန့်မှာ ယခုရက်သတ္တပတ်အတွင်း မိုးသည်းပြီး ရေကြီးရေလျှံဖြစ်ကာ ရေလွှမ်းခံရမှုနှင့်လယ်ကဏန်းများ၏ အန္တရာယ်တို့ကြောင့်ပျက်စီးနိုင်သည်ဟုလည်းသူက ဆိုသည်။
ထို့အပြင်၇ခိုင်တွင် ဓာတ်မြေသြဇာဈေးနှုန်းများလည်းကြီးမြင့်နေသည့်အတွက် လယ်သမားများ ဓာတ်မြေသြဇာကောင်းကောင်းအသုံးမပြုနိုင်လျှင် စပါးအထွက်နှုန်း နည်းနိုင်သည်ဟု