( အလောင်းများမှာ ရေထဲမျောပါနေ၍မြို့သူမြို့သားများငါးကိုမစားတော့ဟုဆို)
လူထက်နိုင်(ဒွါရာမြီ)၊နိရဥ္စရာ၊သြဂုတ်၂ / ၂၀၂၄
ရခိုင်ပြည်သံတွဲမြို့စစ်ပွဲသို့နောက်ပိုင်းတွင်လာရောက်သည့်စစ်ကောင်စီစစ်ကူများမှာ စစ်သင်တန်းဆင်း ပြည်သူ့စစ်များဖြစ်ပြီးတိုက်ခိုက်ရာတွင် စစ်ရေးမကျွမ်းသဖြင့် အစုလိုက်အပြုံလိုက်သေဆုံးကာ အလောင်းများ ချောင်းအတွင်းပြန့်ကျဲနေကြောင်းမြို့ခံစစ်မှုထမ်းဟောင်းများထံမှသိ၇သည်။
“ နောက်ပိုင်း စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကပြည်သူ့စစ်တွေချည်းပဲလေ။နယ်မြေလဲမကျမ်းကျင်ရတဲ့အထဲသေနတ်တောင်ကောင်းကောင်းမပစ်တတ်ဘူး၊သေလိုက်ကြတာမြင်မကောင်းဘူ။ အခုလက်ရှိအခြေအနေကိုပြောရမယ်ဆိုရင်ဂျိတ္တောက ပင်လယ်ထွက်တဲ့ချောင်းလက်တက်တွေမှာ အလောင်းတွေပုတ်ပွပြီးအနံ့တောင်မခံနိုင်ဘူး။ဒေသခံတွေ အခုငါးကိုဘယ်သူမှမစားတော့ဘူး။ငါးမစားဆိုတာကအလောင်းတွေကိုငါးကစားတယ်ဆိုပြီးမစားကြတာ။ စစ်ရှောင်တွေကလည်းမစားတော့ကျွေးမွေးနေ၇သူတွေအခက်တွေ့နေပြီလေ” ဟု စစ်မှုထမ်းဟောင်းတစ်ဦးကပြောသည်။
သံတွဲမြို့ရှိသူဌေးချောင်း၊ပြည့်၀ချောင်း၊ သံတွဲချောင်းတို့ရှိ ချောင်းလက်တက်တချို့တွင်စစ်ကောင်စီ အလောင်းများပျံနှံ့ပုတ်ပွနေပြီးလက်ရှိဂျိတ္တောကျေးရွာအနီးတွင်းစစ်ကောင်စီအလောင်းများသည်အနံ့ဆိုးများထွက်နေပြီးတိုက်ပွဲတချို့ရှိနေသေးသဖြင့်မသင်္ဂြိုလ်နိုင်ဘဲ ဒီအတိုင်း ပစ်ထား၇သည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီသည် သံတွဲမြို့ တိုက်ပွဲသို့ဇွန်လမှစတင်ကာစစ်ကူများပေးပို့ခဲ့ရာဧရာ၀တီ-ဂွ လမ်းပိုင်းမှ အိမ်စီးကားများ၊စစ်ကားများဖြင့်လည်းကောင်း၊ရေတပ် သင်္ဘောများဖြင့်လည်းကောင်း အဖြတ်လိုက်ပို့ဆောင်ခဲ့ရာ ဧရာ၀တီတိုင်း ပုသိမ်၊ကြံခင်း၊ မြန်အောင်မြို့များမှပြည်သူ့စစ်များပါဝင်ခဲ့ကြောင်းဒေသခံများကဆိုသည်။
စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့စစ်များ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည် တိုက်ပွဲများမှာသူးဌေး ရေအားလျှပ်စစ်တိုက်ပွဲ၊လင်းသီတိုက်ပွဲ၊ ခရမ်းမော်တောင်ပေါက်နှင့် ဆိပ်ကြီးရွာတိုက်ပွဲ၊ ဂျိတ္တောတိုက်ပွဲ၊မှိုဟင်းပြင် တိုက်ပွဲတို့ဖြစ်ကြောင်းဒေသခံများထံမှသိ၇သည်။
“စစ်တပ်ကတော်တော်ကြောက်နေပြီ။အေအေအသံကြားရင်ခွေးပြေးဝက်ပြေးပြေးတာ။အခုကသူတို့က ိုယ်တိုင်တံတားတွေချိုးထားတော့ပိတ်မိသွားပြီ။ရေကြောင်းကအရာရှိတွေဘဲ။ဆုတ်ရင်ခေါ်သွားမယ်။အဲ့ဒီပြည်သူ့စစ်တွေနဲ့ရဲဘော်အဆင့်တွေကိုမခေါ်ဘူး။အလံဖြူထောင်လက်နက်မချရင်အသေခံပေါ့။သံတွဲမှာ စစ်တပ်လက်နက်အင်အား လူအင်အားအများကြီးသုံးပစ်လိုက်တာ။နိုင်ငံတော်အဆင့်တိုက်တာဆိုတော့တကယ်ပြောတာ ဗုံးအလုံးရေထောင်နဲ့ချီပြီးရှိတယ်။ချတာတစ်ညနေကိုအလုံး၂ ရာ ကျော် ချသွားတဲ့နေ့ရှိခဲ့တယ်ဘယ်လွယ်မလဲ။အေအေကတော့ ဒီလောက်တိုက်တာ ထမင်းတစ်ရက်လည်းမငတ်။ထောက်ပို့ကထမင်းထုပ်အချိန်မှန်ပို့ပြီးသား အစစအရာရာ သာလွန်တယ်”ဟု နောက်ထပ်စစ်မှုထမ်း ဟောင်းတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဇူလိုင်လတွင် စစ်ကူများအား ရေလမ်းခရီးဖြင့်ကွင်းဝိုင်းရေတပ်သို့ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် တပ်စိတ်လိုက်ဖြန့်ခွဲကာတိုက်ပွဲသို့ စေလွတ်ခဲ့ရာ အကျအဆုံး အလွန်များပြားနေကြောင်း သိ၇သည်။