Preview

ရွှေဇားတံတား AA ထိန်းချုပ်လိုက်ပြီဟုသတင်းများထွက်ပေါ်

သြဂုတ် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :3095
ရခိုင် သတင်း

(လက်နက်နှင့်ရိက္ခာတင်ပို့နေသည့် မောင်တော POEဆိပ်ကမ်းတိုက်ပွဲတွင် နယ်ခြားစောင့်အရာရှိ တစ်ဦးအပါအဝင်လေးဦးကျဆုံးခဲ့ဟုဆို)

နောင်မင်းသူ၊နိရဉ္စရာ၊ဩဂုတ် ၄/၂၀၂၄

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည့် ကြားက သြဂုတ်လ ၃ ရက် နေ့လယ်ပိုင်းတွင် ရွှေဇားတံတားရှိ စစ်ကောင်စီစခန်းအား AA သိမ်းပိုက်လိုက်ပြီဟု သတင်းများထွက်ပေါ်လျှက်ရှိနေသည်။

ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာ၌ အိမ်စောင့်ကျန်နေတဲ့ ဒေသခံမွတ်ဆလင်တစ်ဦးက "ရွှေဇား တံတားထိပ်ကနယ်ခြားစောင့်စခန်းကိုဩဂုတ်လ ၃ ရက် မနက်ကတည်းကအေအေ ဖက်က ဒရုန်းတွေနဲ့ဆက်တိုက် ဗုံးကြဲချတိုက်နေတာ။ နယ်ခြားစောင့် တွေကလက်နယ်ငယ်တွေနဲ့ ဒရုန်းတွေကို ပစ်ကြတယ်။ မွန်းတည်းပိုင်းမှာရွှေဇားတံတားစခန်းကိုAAကသိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်နေတယ်။ တံတားကိုဘယ်သူမှဖြတ်သန်းသွားလာလို့မရတော့ အတိအကျမပြောနိုင်သေးဘူး။ဒါပေမယ့် ညနေပိုင်းမှာပစ်ခတ်သံတွေမကြား၇တောဘူးငြိမ်သက်နေတယ်"ဟု  ပြောကြားသည်။

ရွှေဇားတံတားရှိစစ်ကောင်စီစခန်းအား အာရက္ခတပ်တော်မှ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒရုန်းများဖြင့်ပါ ဗုံးချတိုက်ခိုက်နေသဖြင့်နယ်ခြားစောင့်များနှင့် မွတ်ဆလင် စစ်သားများမှာ ညအချိန်၌ စခန်းအတွင်း မနေရဲကြတောဘဲ့ မြို့တွင်းဘက် တံတားအနီးရှိ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်များ၌ တပ်ဆုတ် စခန်းချနေထိုင်နေကြကြောင်းမျက်မြင်ဒေသခံများထံမှသိရသည်

ရွှေဇားတံတားရှိစစ်ကောင်စီစခန်းအားAA သိမ်းပိုက်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်ကောင်စီက လက်နက်နှင့်ရိက္ခာတင်ပို့နေသည့် မောင်တောမြို့ ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကို  အာရက္ခတပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါတိုက်ပွဲတွင် နယ်ခြားစောင့်အရာရှိ(၁) ဦးအပါအဝင် စစ်ကောင်စီတပ်သား (၄) ဦးနှင့် အာဆာတပ်ဖွဲ့ဝင်အများအပြား ကျဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင် ၃၀ နေ့၌မောင်တောဘုတ်ဆိပ်  POEဝင်/ထွက်စခန်းအား အာရက္ခတပ်တော်မှ ပြင်းထန်သည့် ထိုးစစ်ဆင်ပြီး ဒရုန်းများ၊ စနိုက် ဘာများဖြင့်ပါ တိုက်ခိုက်မူကြောင့်  နယ်ခြားစောင့် အရာရှိ(၁) ဦး နှဖူး၌ စနိုက်ဘာထိမှန် ကျဆုံးခဲ့၇ပြီး နယ်ခြားစောင့်(၄)ဦးနှင့် မွတ်ဆလင် စစ်သားအများအပြား ကျဆုံးခဲ့ရကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောဆိုသည်။

"POE က နယ်ခြားစောင့်အရာရှိကနဖူးမှာ စနိုက်  ဘာထိပြီးကျဆုံးတာ။ကျန်နယ်ခြားစောင့်၃ ဦး နဲ့ မွတ်ဆလင်စစ်သားအများအပြားက ဒရုန်းဗုံးထိမှန်ပြီးကျဆုံးသွားခဲ့ကြရတာ။ အရာရှိကိုတော့ ကျကျနန သဂြိုလ်ပေးနိုင်ခဲ့တယ်။ နာမည်နဲ့ရာထူးတော့ မသိဘူး " ဟုပြောဆိုသည်။

စစ်ကောင်စီမှာရေကြောင်းအားအသုံးပြုပြီးဇူလိုင်လ၁၇ ရက်နေ့၌လည်းမောင်တောဘုတ် ဆိပ် POE ဝင်/ထွက်စခန်းမှ လက်နက်၊ ခဲယမ်းရိက္ခာများအား တေဘာကား(၈) စီးဖြင့်တင် ဆောင် နေကြစဉ် AA ဖက်မှဒရုန်းများဖြင့်ဗုံးချတိုက်ခိုက်တာကြောင့် နယ်ခြားစောင့်(၂)ဦးကျဆုံးခဲ့ရပြီးအလုပ်သမား(ရ)ဦးဒဏ်ရာရရှိခဲ့၇သည်။

ထိုသို့AA၏ပြင်းထန်တဲ့ထိုးစစ်များကြောင့် မောင်တောဘုတ်ဆိပ်ဘုတ်ဆိပ်POEဝင်/ထွက်စခန်းမှ နယ်ခြားစောင့်များ နှင့်မွတ်ဆလင်စစ်သားများမှာညအချိန်၌ စခန်းအတွင်း မနေရဲကြတော့ဘဲ နယ်ခြားစောင့်များမှာ ရွှေအိုးတည်းခိုခန်း၌ စခန်းချအိပ်ကြပြီး။ မွတ်ဆလင်စစ်သားများမှာ အကောက်အခွန်ရုံးနှင့်မူလွန်စာသင်ကျောင်းများ၌ စခန်းချနေထိုင်နေကြကြောင်း ထိုအနီးရှိ ဒေသခံများထံမှသိ၇သည်။

ဓါတ်ပုံ- AAသိမ်းပိုက်ထားသည့်မောင်တောရွှေဇားတံတားရှိစစ်ကောင်စီနယ်ခြားစောင့် ကင်းစခန်းအား တွေ့၇စဉ်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.