မင်းသျှင်စော၊ နိရဉ္စရာ၊ ဩဂုတ်ရ ရက် ၂၀၂၄
၇ခိုင်ပြည်နယ်၊ဂွမြို့နယ်သဲကုန်းကျေးရွာ၏ အနောက်ဘက် ရွာနားစပ် တောင်ကြောအား ဩဂုတ်လ ၆ ရက်ညအချိန်တွင် သဲကုန်းရွာအနီး ပင်လယ်ပြင်တွင်ရပ်နားထားသည် စကစ နေဗီမှလက်နက်ကြီးပစ်ခဲ့သည်ဟု သတင်းရရှိပါတယ်။
“မနေ့က ညည့်အချိန် ၁၀နာရီဝန်းကျင်လောက်တွင် သဲကုန်းရွာအနီး ပင်လယ်ပြင်တွင်ရပ်နားထားသည် စကစ နေဗီမှ လက်နက်ကြီး ၈ ကြိမ်ပစ်ခဲ့ပါတယ် အသံတွေကတစ်အား ဆူညံ နေပါတယ်။ ရွာသားတွေလည်း အကုန်လန့်ပြီး ထွက်ပြေးနေ၇ပါတယ်”ဟုသဲကုန်းရွာခံသား တစ်ဦးက အတည်ပြုပြောဆိုသည်။
ယခုကဲ့သို့ ဂွမြို့နယ်အတွင်း စစ်ကောင်စီနေဗီက ပစ်ခတ်ခြင်းမှာအာရက္ခတပ်တော် ရှိသည်အထင်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီသည် ခံစစ်ဖြင့် ခုခံရန် အကြီးအကျယ်ပြင်ဆင်မှုပြုလုပ်နေသည်ဟုအမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
“ ဂွမြို့မှာတော့တပ်ရင်း ၅၆၂ နဲ့ ၅၆၃ ရှိပါတယ်။ တပ်ရင်းတွေမှာတော့ ဧရာ၀တီဘက်က သင်တန်းဆင်း စစ်သားတွေနဲ့အင်အားဖြည့်တယ်။ ကျိန္တလီမြို့ဘက်မှာလည်း အင်အား ဖြည့်ထားတယ်လို့ သိရပါတယ်။ ဝန်ထမ်းတွေအများစုလည်းဂွမှာရှိနေကြတုန်းပါ”ဟု ပြောသည်။
စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက စစ်ဖြစ်ပွားခြင်းမရှိသေးသည့် ဂွမြို့နယ်တွင် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊မိုင်းထောင်ခြင်း၊ ကျေးရွာများ အတွင်း မတရားဝင်ရောက်ဖမ်းဆီးခြင်းနှင့်တင်းကျပ်စွာ စစ်ရေးလှုပ်ရှားမှုများကို ယခင်ကထက်ပိုမိုလုပ်ဆောင်လျက်ရှိသည်ဟု သိ၇သည်။