Preview

တောင်ကုတ်တွင် စစ်ကောင်စီ၏ တပ်ရင်းစခန်းများက တစ်နေ့လုံးလက်နက်ကြီးပစ်ခတ်၍ မြို့နေပြည်သူများ အထိတ်တလန့်ဖြစ်ကြရ

သြဂုတ် ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :3872
ရခိုင် သတင်း

ဆလိုင်းမိုးအောင်၊နိရဉ္စရာ၊ သြဂုတ် ၈/၂၀၂၄

ရခိုင်ပြည်မှ ခရိုင်မြို့ တောင်ကုတ်တွင် စစ်ကောင်စီ၏ တပ်ရင်းစခန်းများက တစ်နေ့လုံး လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ၍မြို့ခံပြည်သူများအကြားစိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်ဟု သတင်းရရှိသည်။

ယနေ့သြဂုတ်လ၈ ရက်၊ နံနက် ရ နာရီကနေ နေ့လယ်ပိုင်းအထိ အတွဲလိုက်ဒုံးများအပါအဝင် လက်နက်ကြီး ပစ်ခတ်နေခြင်းဖြစ်ပြီးမည်သည့်နေရာများသို့ပစ်ခတ်နေသည်ကို မသိရှိနိုင်ကြောင်း တောင်ကုတ်မြို့မှမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"လက်နက်ကြီးက မနက်ရ နာရီကနေ ပစ်နေတာ။ အခု နေ့လယ် နှစ်နာရီကျော်အချိန်ထိ ဆက်ပစ်နေသေးတယ်။ဘာကြောင့်ပစ်နေတာလဲတော့ မသိဘူး။ အတွဲလိုက်ဒုံးတွေနဲ့ ပစ်တာလို့လည်းပြောကြတယ်။ ဘယ်နှစ်လုံးပစ်တယ်ဆိုတာလည်း မရေထားမိတော့ဘူး" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်းလက်နက် ကြီးပစ်ခတ်မှုဆက်တိုက်လုပ်နေသည့်အတွက် မြို့ခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်နေကြသည်ဟု နောက်ထပ် တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးကပြောသည်။

"တိုက်ပွဲတွေဘာတွေဖြစ်လို့ပစ်တာမျိုးလည်းမဟုတ်ဘူး။ ဘယ်နေရာ ဘယ်ဒေသတွေကို လှမ်းပစ်နေတာလည်း မသိနိုင်ဘူး။ ပြည်သူတွေကတော့ စိုးရိမ်နေကြတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့ခမ၇(၅၄၄)တပ်ရင်း၊ စကခ(၅) တပ်မနှင့် ပန်းမြောက်တောင်စစ်စခန်း၊တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင်တောင်စစ်စခန်း၊ စိတ္တသုခတပ်ဦးကျောင်းတောင်တို့မှ လက်နက်ကြီးများပစ်ခတ်ခြင်းဖြစ်ကြောင်းသိ၇သည်။

လက်နက်ကြီးကျည်များမည်သည့်ဘက်သို့ကျရောက်ပေါက်ကွဲသည်ကို မသိရှိ၇သေးပေ။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွက်အာရက္ခတပ်တော် (AA) လှုပ်ရှားနေသည့်နေရာများကို ရမ်းသန်းပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်းမြို့ခံများကထင်ကြေးပေးပြောဆိုကြသည်။

ယမန်နေ့ဩဂုတ်လ ရ ရက်၊ ညဥ့်အချိန်ကလည်း တောင်ကုတ်တက္ကသိုလ်ဘက်မှ လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့သလိုဩဂုတ်လ ၄ ရက်ကလည်း မြို့ပေါ်စစ်ကောင်စီတပ်ရင်းများက နေ့ရောညပါ လက်နက်ကြီးပစ်ခတ်ခဲ့သည်။

 

#စစ်ကောင်စီ#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.