စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီက မြောက်ဦးမြို့ကို လေယာဉ်ဖြင့်ဗုံးကြဲ၍ သေဆုံးခဲ့ရသူများနှင့် ဒဏ်ရာရသူများစာရင်း AA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဩဂုတ် ၁၁/ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီက မြောက်ဦးမြို့ လူနေရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကြဲ၍ သေဆုံးခဲ့ရသူများနှင့် ဒဏ်ရာရသူများစာရင်းကို အာရက္ခတပ်တော် (AA)က ဩဂုတ် (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် အရပ်သားပြည်သူများ နေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီသည် ဂျက်လေယာဉ်တစ်ဦးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြသည်။

ဤကဲ့သို့ ဖက်ဆစ် စစ်ကောင်စီ၏ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦး ဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့သောကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖက်ဆစ် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ ည (၂) နာရီခွဲအချိန်ခန့်ကလည်း အရပ်သားပြည်သူများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ဖော်ပြသည်။ 

မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲ မဖြစ်ပွားခဲ့သည်မှာ ရက်‌ပေါင်း (၁၈၅) ရက်ရှိခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို ပြုလုပ်နေသည်ဟု သိရသည်။

ယခုလ (သြဂုတ်) ၈ ရက်၊ နံနက် အစောကြီး  ည ၂ နာရီခန့်ကလည်း ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး  ဂွမြို့နယ်၊ ကျိန္တလီမြို့မှ  ၇ မိုင်ခန့်အကွာရှိ စေတီကွင်းကျေးရွာနှင့် ညောင်ပင်ကွင်းကျေးရွာကို လာရောက်ဗုံးကြဲခဲ့၍  သေဆုံးသူ ၂ ဦး ဒဏ်ရာရသူ (၅) ဦးအထိ ရှိခဲ့သည်။

သေဆုံးသူ ၂ ဦးမှာ ကိုမောင်မြင့်ထွန်း (၂၅) နှင့် ဒေါ်မလုံး (၅၈)နှစ်တို့ဖြစ်ကြပြီး ဒဏ်ရာရသူများ ဦးမောင်ပု (၄၅) နှစ်၊ ဦးဇော်သိန်းဦး (၃၈) နှစ်၊ မမေဇင်လှိုင်ဦး (၁၂) နှစ်၊  ဦးမောင်မောင်ဝင်း (၅၄) နှစ်နှင့်  သန်းသန်းအေး (၅၃) နှစ်တို့ဖြစ်ကြသည်။

စစ်ရှုံး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည်  နိုင်ငံတစ်ဝန်းမှ တော်လှန်ရေး အဖွဲ့အစည်းများ ထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုံးမဲမဲကာ ဆက်တိုက် ကျူးလွန်လျက်ရှိနေသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



ဆက်စပ် သတင်းများ