လူထက်နိုင်(ဒွါရာမြီ)၊နိရဥ္စရာ၊ သြဂုတ် ၁၀ / ၂၀၂၄
စစ်ကောင်စီကကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံဖြင့်တိုက်ခိုက်နေ
နိရဥ္စရာသတင်းဌာနက အာရက္ခတပ်တော် ( AA)နှင့် ပတ်သက်ပြီးဗိုလ်မှူးကြီးနော်ဘူ
“အေအေကတော့အင်မတန်ကြိုးစားတာကိုတွေ့ရပါတယ်
လက်ရှိစစ်ရေးအခြေအနေအရရခိုင်ပြည်ကို အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ရန် အလားအလာ ကောင်းများကို မြင်တွေ့နေ၇သည်ဟုပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “ လူထု ထောက်ခံမှုကအဓိကကျတယ်။ အခုဆို နယ်မြေ တော်တော်များများကိုတော့ အေအေက သိမ်းပိုက်ပြီး ထိန်းချုပ်နိုင်တယ်။ ရှေ့မှာလည်း ထိန်းချုပ်သွားနိုင်လိမ့်လို့ မြင်ပါ
တော်လှန်ရေးတွင် ပြည်သူများ၏ ထောက်ခံမှု အရေးကြီးကြောင်း၊ ပြည်သူများ အနေဖြင့်လည်း တော်လှန်ရေးနှင့်အတူ တိုက်ပွဲပြီးဆုံးအောင်ထိ ပူးပေါင်းပါဝင်ကြဖို့လည်း လိုအပ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ
“ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင် ပြီးဆုံးအောင်ဆင်နွှဲကြမယ့်နေရာမှာ ပြည်သူလူထုရဲ့ အင်အားကတော့အဓိကဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပြည်သူလူထုတွေလည်း နိုင်ငံရေး၊ စစ်ရေး အခြေအနေကိုအမြဲတမ်းနားစွင့်စေချင်တယ်။ တော်လှန်ရေးထဲမှာ ပူးပေါင်း ပါဝင်ကြဖို့၊ လူထုအနေနဲ့ တိုက်တွန်းကြဖို့၊ အားပေးကြဖို့ ပြည်သူလူထုကို အားကိုးတကြီးနဲ့ ပြောလို ပါတယ်ခင်
AA သည် ရခိုင်ပြည်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊၇သေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြို၊ မအီ၊ သံတွဲ စသည့်မြို့များအပါအဝင် ချင်းပြည်နယ်မှပလက်၀ စသော မြို့များကိုသိမ်းပိုက်ထားပြီးကျန်ရှိနေသည့်မြို့များ၏ ကျေးလက်ဒေသ အတော်များများကို သိမ်းပိုက်ထားသည်။
ထို့အပြင်သံတွဲမြို့အား သိမ်းပိုက်ထားပြီး သံတွဲမြို့နယ်မှ တစ်ခုတည်းသာကျန်ရှိနေသည့် စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ အလားတူမောင်တောမြို့အားလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယနေ့လား၊ မနက်ဖြန်လား သိမ်းပိုက်နိုင်တော့မည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် လက်ရှိ ဧရာ၀တီတိုင်းနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဂွမြို့နယ်အထိကျယ်ပြန့်လာနေပြီဖြစ်သည်။
ဧရာ၀တီတိုင်းတွင်လည်း AA ဝင်