စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီက ရခိုင််ပြည်သူများကိုအကြမ်းဖက်မှုများပိုလုပ်လာနိုင်၍ စစ်ရေးသတိအမြဲရှိကြရန် AA သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၁၂/၂၀၂၄

ရခိုင်တွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်မှုများပိုလုပ်လာနိုင် စစ်ရေးသတိ အမြဲရှိကြရန် အာရက္ခတပ်တော်(AA)က သတိပေးပြောကြားလိုက်သည်။

ရခိုင်ပြည်အတွင်းရှိ ကျောက်တော် မြောက်ဦးနှင့် မင်းပြားမြို့နယ်များရှိ AA အား စစ်ကောင်စီက တိုက်ခိုက်နေ၍ ပြည်သူများအသက် အန္တရာယ်ရှိသည့်အတွက် ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ရခိုင်ပြည်နယ်စစ်ကောင်စီက ယမန်နေ့ သြဂုတ်လ ၁၁ ရက်တွင် ဝါဒဖြန့်စာ ထုတ်ပြန်သည့် ကိစ္စနှင့် ပတ်သက်ပြီ AA ပြောခွင့်ရသူဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းမှုအပေါ် ယမန်နေ့ညက ဖြေကြားရာ၌ ဦးခိုင်သုခက ယခုကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဦးခိုင်သုခက "အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ကို ခြုံငုံသုံးသပ်ရမယ် ဆိုလို့ရှိရင်တော့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရတဲ့မြို့တွေက အရပ်ဘက်ပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီးတော့ လုပ်ဖို့အတွက် အချက်ပြလိုက်တာဖြစ်တယ်။ နံပါတ် () အချက်ကတော့ မကြာခင်က ဘာတိုက်ပွဲမှမရှိတော့တဲ့ မြောက်ဦးမြို့ကို နေ့ခင်း ကြောင်တောင်ပေါ့နော်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ဦးသေဆုံးပြီးတော့ ၁၀ ဦး ဒဏ်ရာ ရသွားတဲ့ ဖြစ်စဥ်ရှိတယ်။ ဒါဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ ဒီစစ်ရာဇဝတ်မှုကိုဖုံးကွယ်ဖို့အတွက် မြေပြင်မှာ သူတို့စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသယောင်ပေါ့နော်။ ပုံဖော်ပြီးတော့မှ သူတို့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ဖုံးကွယ်ဖို့ကြိုးစားတာဖြစ်တယ်။ နောက် နံပါတ်()အချက်ကတော့ တောက်လျှောက် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်တွေဟာ စိတ်ဓာတ်ရေးရာတွေ ပျက်ပြားချွတ်ခြုံကျနေကြပြီ။ ဒါကိုထိန်းသိမ်းဖို့အတွက် သူတို့ကပြန်လည်တိုက်ခိုက်နိုင်သယောင်ပေါ့နော်။ တိုက်ခိုက်ပြီးတော့ အောင်မြင်နေသယောင် အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ပြီးတော့ ပုံဖော်နေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ဟာ ပြည်သူတွေကို အကြမ်းဖက်မှု ပိုပြီးတော့လုပ်လာဖို့ဆိုပြီးတော့မှ ဒါခြိမ်းခြောက်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေး၊ စစ်ရေးသတိအမြဲရှိနေကြဖို့လိုတယ်လို့ ကျနော့်အနေနဲ့ပြောကြားလိုပါတယ်ဗျ"ဟု နိရဥ္စရာကို ပြောသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီက ယမန်နေ့ထုတ်ပြန်ချက်တွင် "ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့ရွာအတွင်းရှိ AA အဖွဲ့အား စစ်ကောင်စီက အချိန်နှင့်တပြေးညီ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အသက်အန္တရာယ်ရှိလာနိုင်သဖြင့် မိမိတို့ဘေးအန္တရာယ်လုံခြုံရေးအတွက် နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းများယူဆောင်၍ ရှောင်ရှား နေထိုင်ကြရန်"ဟု ဖော်ပြပါရှိသည်။

ယင်းပြင် "AA အဖွဲ့အား လက်ခံနေထိုင်ခွင့်ပြုထားခြင်း၊ ထောက်ပံ့ကျွေးမွေးခြင်းနှင့် ရိက္ခာ၊ ငွေကြေး၊ ဆေးဝါးထောက်ပံ့ပေးထားသူများကိုလည်း တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သဖြင့် လက်ခံထောက်ပံ့ခြင်း မပြုကြရန်နှင့် တိုက်ပွဲကာလ အမြန်အဆုံး သတ်စေရေး ပူးပေါင်းပါဝင်ကြရန်"လည်း ဆက်လက် ဖော်ပြထားသည်။

စစ်ကောင်စီက AA ကိုတိုက်ခိုက်နေသည်ဟု ဆိုသော်လည်း လက်တွေ့မြေပြင်တွင် မည်သည့် ထိုးစစ်မှ မလုပ်နိုင်ဘဲ အရပ်သားများရှိသည့် လူစည်ကားရာနေရာများကိုသာ လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက် နေသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း မြောက်ဦးမြို့ ကြက်ဈေး ရပ်ကွက်ရှိ လူစည်ကားသည့် သျှစ်သောင်းဘုရား သွားလမ်း မြောက်ဦးဟိုတယ်လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ယခုပစ်ခတ်ခဲ့သည့်နေရာသည် ခရီးသွားကားများနှင့် ခရီးသည်များ၊ စျေးဆိုင်ခန်း များဖြင့် လူစည်ကားသည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ရက်၊ ညဥ့် နာရီကျော်ခန့်ကလည်း မြောက်ဦးမြို့အနီးမှ အုတ်ဖိုကန ်ကျေးရွာအနီးကို စစ်ကောင်စီက Rocket ဒုံးဖြင့် နှစ်ကြိမ်တိုင် လာရောက် ပစ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ဟု သိရသည်။

အလားတူ ယမန်နေ့ သြဂုတ်လ ၁၁ ရက်၊ မွန်းတည့်ပိုင်းကလည်း ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းရှိ အနောက်ရဲမွတ်ဆလင်ကျေးရွာနှင့် ကျောက်ပြင်ကျေးရွာ တို့ကို တိုက်ပွဲ မရှိဘဲ စစ်တွေရဲတပ်ရင်း အမှတ်(၁၂)နှင့် ကြက်ကိုင်းတန် အမြောက်တပ်ရင်းတို့က လက်နက်ကြီးများဖြင့် လှမ်းပစ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် အနောက်ရဲမွတ်ဆလင်ကျေးရွာတွင် လက်နက်ကြီးကျည် လုံးနှင့် ကျောက်ပြင်ကျေးရွာ၏ လယ်ကွင်းပြင်တွင် လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ရက်တွင်လည်း ပေါက်တောမြို့နယ်ရှိ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံစသည့်ကျေးရွာတို့ကို စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိပြီး အိုး၊ အိမ်များလည်း ပျက်စီးခဲ့သည်။

ထိုသို့ စစ်ကောင်စီက လူနေကျေးရွာများကို တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ပြီး AA ကိုပစ်ခတ်နေသယောင် သတင်းများထုတ်လွှင့်နေမှုမှာ ဥပဒေမဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း ပေါက်တောမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က နိရဥ္စရာကို ယမန်နေ့က ပြောဆိုထားသည်။

ရခိုင်စစ်ကောင်စီက ယခုထုတ်ပြန်သည့် မြို့နယ်  ခုသည် AA  ထိန်းချုပ်စိုးမိုးမှုအောက်တွင် ရှိနေပြီဖြစ်ပြီး ယင်းမြို့နယ်များအတွင်း AA ကိုထောက်ပံ့သူများအား စစ်ကောင်စီက အရေးယူ သွားမည် ဆိုခြင်းမှလည်း လေလှိုင်းပေါ်မှ အော်ဟစ်နေရုံသာရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တကျော့ပြန်တိုက်ပွဲကာလ ပြန်လည် စတင်လာခဲ့သည်မှာ ယခုသြဂုတ်လဆိုလျှင် လတိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ယင်းကာလအတွင်း AA သည် ရခိုင်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝ စသော မြို့များကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် AA က မောင်တောမြို့နှင့် သံတွဲမြို့နှစ်ခုလုံးကိုလည်း အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ရန် တိုက်ပွဲအရှိန်မြှင့် ဖော်ဆောင်လျက်ရှိသည်။

အလားတူ ရခိုင်ပြည်တောင်ဘက်ဆုံး ဂွမြို့နယ်ကိုလည်း AA က ယခုရက်ပိုင်းအတွင်း စတင်ထိုးစစ်ဆင်နေပြီဟု ဒေသခံများက ပြောသည်။

ရခိုင့်စစ်မျက်နှာတွင် စစ် အရှုံးကြီး ရှုံးနေသည့်စစ်ကောင်စီသည် AA ကိုတိုက်၍မနိုင်တော့၍ အပြစ်မဲ့ပြည်သူများကို အထိုင်တပ်ရင်းများနှင့် လေကြောင်းအားကိုးဖြင့် ဦးတည်တိုက်ခိုက်ကာ လူမျိုးတုံးသတ်ဖြတ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။

 

ဓာတ်ပုံ - AA ပြောခွင့်ရသူဦးခိုင်သုခအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ