Preview

မောင်တောတွင် တိုက်ပွဲကြောင့် မြိုလူမျိုး ၁ ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ

သြဂုတ် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1552
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၄

ရခိုင်ပြည်၊ မောင်တောဒေသ၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့၏ တိုက်ပွဲများကြောင့် မောင်တောတောင်ပိုင်းရှိစစ်ဘေးရှောင်များအပါအဝင် မြိုလူမျိုး
 ၁ ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သိ၇သည်။

ကိုင်းကြီးမြိုကျေးရွာမှ ဒေသခံများအပါအဝင် ၃မိုင်သီဟိုလ်အေးကျေးရွာမှ စစ်ဘေးရှောင်များ စုစုပေါင်း မြိုလူမျိုး ၁၃၀၀ ကျော်မှာစားနပ်ရိက္ခာပြတ်လပ်နေကြပြီးအကူအညီများလိုအပ်လျက်ရှိနေကြကြောင်း ကိုင်းကြီး(မြို)ရွာမှလူကြီးတစ်ဦးကပြောသည်။

"မောင်တောတောင်ပိုင်းက ကိုင်းကြီးကျေးရွာကို ၃ မိုင်သီဟိုလ်အေးကျေးရွာက စစ်ဘေးရှောင်လာကြတဲ့ လူ ၄၀၀ ကျော်လောက်လာပြီးခိုလှုံနေတာရှိတယ်။ ကိုင်းကြီးမှာလည်း ဒေသခံ လူဦးရေ ၉၀၀ လောက်ရှိတယ်။ လူ ၁၃၀၀ကျော် စားနပ်ရိက္ခာပြတ်ပြီး အခက်တွေ့နေကြတယ်။ အကူအညီတွေလိုအပ်နေကြပါတယ်"ဟုပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်ကိုင်းကြီးမြိုကျေးရွာ၌ စိုက်ပျိုးထားကြသည့်စပါးများကိုမရိတ်သိမ်းနိုင်ခဲ့သည့်အတွက် ဒေသခံများတွင် ဝမ်းစာဆန်များမရရှိခဲ့ဟု ရွာသားများကပြောသည်။

ယင်းကြောင့် ရွာသို့ခိုလှုံလာသည့်စစ်ဘေးရှောင်များကိုလည်းမကူညီနိုင်သလို ရွာသားများတွင်လည်း စားနပ်ရိက္ခာရှားပါးနေသည်ဟု သိ၇သည်။

လက်ရှိတွင် တစ်နေ့တာဝမ်းစာဖူလုံရန် ရွာမှ ၈ မိုင်ခန့်ဝေးကွာသည့်မေယုတောထဲရှိ ကိုင်းကြီးရွာဟောင်း(မြို)ရွာပျက်သို့ သွားရောက်ကာ ဟင်းသီးဟင်းရွက်၊သစ်ဥသစ်ဖုများရှာဖွေပြီး အသက်မွေးနေကြ၇ကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုသို့ရှာဖွေရရှိလာကြသည့် ဟင်းသီး၊ ဟင်းရွက်၊ သစ်ဥ၊ သစ်ဖုများအားရွာမှ ၅ မိုင်ခန့်ဝေးကွာသည့် ရွှေဗဟို၊ သရီကုန်ဘောင်၊ ကိုင်းကြီး(ရခိုင်)၊မော၇၀တီ၊ ဥဒေါင်း စသည့်ကျေးရွာများသို့ သွားရောက်ရောင်းချပြီးအသက်မွေးနေကြရကြောင်း ဒေသခံများထံမှ သိ၇သည်။

စစ်ဘေးရှောင်လာသည့် သီဟိုလ်အေးကျေးရွာမှ ရွာလူကြီးတစ်ဦးက"ဟင်းသီဟင်းရွက်တွေက နေ့တိုင်းရှာမရနိုင်ကြဘူး။စားသောက်ရေးအတွက် စစ်ဘေးရှောင်လာသူတွေနဲ့ဒေသခံရွာသားတွေအတော်လေးအခက်အခဲတွေ့နေကြ၇ပါတယ်"ဟု ပြောဆိုသည်။

တိုက်ပွဲပြင်းထန်လျက်ရှိသည့် မောင်တောဒေသတွင်
 မောင်တောမြို့အနီးရှိ စစ်ကောင်စီ၏ နခခ(၅)တပ်ရင်းတစ်ခုတည်းသာ AA က သိမ်းပိုက်ရန် ကျန်တော့သည်။


လက်ရှိတွင် နခခ(၅)တပ်ရင်းတစ်ခုလုံးနီးပါးကို AA က သိမ်းပိုက်ထားနိုင်ပြီဟုလည်း သိ၇သည်။

 

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.