စောရှင်မေ၊နိရဉ္စရာ၊ ဩဂုတ် ၁၃/၂၀၂၄
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင်တိုက်ပွဲပြင်းထန်လာနေ၍ ဂွမြို့ ဆေးရုံအပါအဝင် ဆပ်သွားဆေးရုံနှင့်ကျိန္တလီဆေးရုံတို့ကို ပိတ်ပြီး ဝန်ထမ်းများနှင့် လူနာများကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့လိုက်ရသည်ဟု သိရသည်။
ဂွမြို့ဆေးရုံကြီးနှင့်ဆပ်သွားတိုက်နယ်ဆေးရုံတို့ကို ယနေ့ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီးကျိန္တလီဆေးရုံအား ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှ ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ဒေသခံတစ်ဦးက"ဆေးရုံတွေကို အကုန်ပိတ်လိုက်ပြီ။ဝန်ထမ်းတွေလည်း အကုန် ပြောင်းသွားကြပြီ။စစ်က ကျိန္တလီနားမှာပြင်းထန်နေတာလေ။ လူနာတွေလည်း မရှိတော့ဘူး" ဟုပြောသည်။
လက်ရှိဂွမြို့နယ်တွင် ဒေသခံအများစုမှာလွတ်မြောက်ရာသို့ စစ်ရှောင်ပြေးနေကြပြီး ကျန်ရှိနေသည့် ဒေသခံများမှာလည်းအထူးစိုးရိမ်နေကြရသည်ဟု သူက ဆက်ပြောသည်။
"ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ ဘယ်ကိုပြောင်းရွေ့သွားလဲတော့ မသိဘူး။လက်ရှိ ဂွဘက်က လူတွေ အကုန်စစ်ဘေးသွားရှောင်ကြတော့အကုန်တိတ်ဆိတ်နေတာပေါ့။ ကိုယ်တွေတောင်ဘယ်ပြေးရမလဲမသိဘူး။စစ်ရေးကလည်း ပိုနီးလာတော့ ကြောက်နေ၇တယ်" ဟုပြောသည်။
ယမန်နေ့ဩဂုတ်လ ၁၂ ရက်တွင် ဆပ်သွားတံတားအားဒေသခံများစစ်ရှောင်ရန် မသွားရအောင် စစ်ကောင်စီက ပိတ်ပင်ထားသော်လည်း ယနေ့တွင်ပြန်လည်ဖွင့်ထားသည်ဟုလည်း သူက ဆက်ပြောသည်။
လက်ရှိတွင် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်၊ ညနေ ၃နာရီခန့်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်း
သြဂုတ်လ၁၁ ရက်ကလည်း ကျိန္တလီမြို့ရှိရဲစခန်းနှင့် အခိုင်အမာတပ်စွဲထားသည့်စစ်ကောင်စီတပ်စခန်းများကိုAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြ
ယင်းအပြင်ဂွမြို့ အခြေစိုက်တပ်ရင်းများကလည်းလက်နက်ကြီးကျည်များဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျိန္တလီမြို့အနီးသို့ ပစ်ကူပေးနေပြီးရေကြောင်းရှိ နေဗီသုံးစီးနှင့် လေကြောင်းတို့
ထိုသို့စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များပစ်ခတ်သည့်
ထို့အတူ ယမန်နေ့ကပင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကျရောက်ပေါက်
ဂွမြို့နယ်တွင်စစ်ကောင်စီတပ်မှ ခမ၇ (၅၆၂)နှင့် ခမ၇ (၅၆၃) တပ်ရင်းတို့ တပ်စွဲထားပြီး ဧရာ၀တီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများနှင့်စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များကို စစ်ကူခေါ်ယူလျက် ဂွမြို့တွင်အခိုင်အမာခံစစ်ပြင်ဆင်နေကြောင်း