ကြိုင်ဟိန်းလင်း၊နိရဉ္စရာ၊ ဩဂုတ် ၁၃/ ၂၀၂၄
ယနေ့ဩဂုတ်(၁၃) ရက်တွင် ကျရောက်သည့်၅၇ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကဦးဆောင်ပြီး ရခိုင်ရှိ လွတ်မြောက်နယ်မြေ တစ်ခုတွင်ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားကို ပြီးခဲ့သည့်နှစ်များက စစ်တွေမြို့တွင်ကျင်းပနိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင်စစ်ကောင်စီက စစ်တွေဒေသခံများကို ဖမ်းဆီးသတ်ဖြတ်နေမှုကြောင့် ကျင်းပနိုင်ခြင်းမရှိပေ။
သို့သော်လည်းဆန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသည့်စစ်တွေဒေသခံ (၃၀၀) ကျော် သတ်ဖြတ်ခံခဲ့ရသည်နေ့ကို အမှတ်ရသောအားဖြင့်ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား
"ဒီနေ့ဟာ မေ့ပျောက်လို့ရနိုင်တဲ့ နေ့တစ်နေ့မဟုတ်ဘူး။မြန်မာစစ်တပ်ရဲ့ယုတ်မာမှုတွေကို ကျနော်တို့ဘယ်လိုမှ မေ့ဖျောက်လို့မရဘူး။ ပြီးတော့ ဒီနေ့မှာအသက်ပေးလိုက်ရတဲ့ ပြည်သူတွေကို ဝမ်းနည်းအောက့်မေ့တဲ့အနေနဲ့ဒီအခမ်းအနားကို ကျင်းပရတာဖြစ်တယ်" ဟု ပြောသည်။
အဆိုပါအခမ်းအနားသို့ဖိတ်ကြားထားသည့်ဧည့်သည်တော်များ
၁၉၆ရခုနှစ် မဆလအစိုးရ ဗိုလ်ချုပ် နေဝင်းလက်ထက်တွင် ရခိုင်ပြည်မှထွက်သည့်ဆန်များကို ရခိုင်ပြည်တွင်ပြန်လည်ရောင်းချခွင့်မပြုဘဲ နိုင်ငံခြားသို့ တင်ပို့ရာကနေ ဆန်ရှားပါးမှု ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့်စစ်တွေမြို့ရှိ ပြည်သူများသည် ဩဂုတ် (၁၃) ရက်တွင် “ဆန်ကွဲမစား၊ ရခိုင်သား"၊ "ပြုတ်ဆန်မစား၊ရခိုင်သား"၊ "မုန့်တီမစား၊ ရခိုင်သား"၊ "ဆန်ပြဿနာဖြေရှင်းပေးပါ"၊"ရခိုင်အရေးတော်ပုံ အောင်ရမည်" စသည့် ကြွေးကြော်သံများနှင့်အတူလူပေါင်းသောင်းနှင့် ဆန်ရရှိရေး ကြွေးကြော်ချီတက် ဆန္ဒပြခဲ့
Photo: Arakan Students' Union