စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA က မောင်တော နခခ(၅)အား အလံဖြူထောင်၍ လက်နက်ချခိုင်းထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 5.2k

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၁၄ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA)တပ်များ ပိတ်ဆို့ဝိုင်းရံထားသည့် စစ်‌ကောင်စီ၏တစ်ခုတည်း‌သောလက်ကျန်စခန်းဖြစ်သည့် အမှတ်(၅)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ(၅))တပ်ရင်းအား AA က အလံဖြူထောင်ခိုင်းထားပြီး လက်နက်ချခိုင်းထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

သတင်းရင်းမြစ်တစ်ဦးက "နခခ(၅)ကို အာရက္ခတပ်တော်ဘက်က အလံဖြူထောင်ပြီး လက်နက်ချခိုင်းထားတယ်လို့ သိရတယ်။ နခခ(၅)က ဘယ်ကိုမှထွက်လို့မရတော့ဘူး။ AA ဘက်ကပိတ်ဆို့ဝိုင်းရံထားပြီးပြီ။‌ ရေရှည်မှာ ဘယ်လိုမှလက်နက်မချဘဲနေလို့ မရနိုင်တော့ပါဘူး"ဟု ပြောသည်။

မောင်တောနခခ(၅)အနီးရှိ အကြီးဆုံးကာကင်းစခန်းဖြစ်သည့် ခရိုင်တရားရုံးအပါအဝင် ကာကင်းစခန်း ၁၀ ကျော်အား AA က သိမ်းပိုက်ပြီးနောက် နခခ(၅)ကို AA က ပိတ်ဆို့ထားခြင်းလည်းဖြစ်သည်။

လက်ရှိတွင် မောင်တောမြို့ပေါ်သို့ စစ်တပ်ခိုလှုံနေသည့် နေရာများအား AA က ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်အား လေယာဉ်များ၊ ဒရုန်းများ၊ ရေတပ်နေဗီများဖြင့် ခုခံတိုက်ခိုက်လျက်ရှိနေသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်နေကြောင်း အဆိုပါ သတင်းရင်းမြစ်ကပြောဆိုသည်။

"မြို့ပေါ်မှာ AA နဲ့ စစ်တပ် တစ်ဖက်နဲ့ တစ်ဖက် ဒရုန်းတွေနဲ့ ဗုံးချပြီး တိုက်နေကြတယ်။ ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကလည်း မြို့ပေါ်ကိုလက်နက်ကြီးတွေပစ်နေပြီး တိုက်ပွဲ ဖြစ်နေကြတယ်"ဟု ပြောဆိုသည်။

မောင်တောမြို့သို့ နယ်မြေအသီသီးမှ တပ်ဆုတ်ပြီး ရောက်ရှိနေကြသည့်  နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၀၀ ကျော်သည် မော်တော်ဘုတ်အစီး ၂၀ ကျော်ဖြင့် သြဂုတ်လ ၁၃ ရက်‌တွင် အငူမော် ပင်လယ်၀တွင် ရပ်နားသို့ စစ်​ရေယာဉ်များသို့ ထွက်ပြေးသွားခဲ့ကြပြီး လက်
ကျန်နယ်ခြားစောင့်တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA ထိုးစစ်အား ခုခံလျက်ရှိနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ