ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျိန္တလီမြို့က ခရစ်ယာန်ဘာသာရေကျောင်းကို​ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သည်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ ဩဂုတ် ၁၇/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ခရစ်ယာန်ဘာသာရေကျောင်းကို​ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၆ ဦး အပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူများမှာ  ကျိန္တလီမြို့၊အမှတ် (၂ ) ရပ်ကွက်က မငြိမ်းရတီ (၁၂ နှစ်)၊ မောင်လှမင်းထွန်း (၁၅ နှစ်)၊ ဒေါ်လှဆန်း (၃၀ နှစ်)၊ ဒေါ်ညွန့်တင် (၆၃ နှစ်)၊ ကိုပြည့်ဖြိုးအောင်(၂၉ နှစ်)၊ဦးကျော်စိန် (၆၃ နှစ်)၊ဒေါ်ကြူကြူဝင်း (၆၁ နှစ်)၊ ဦးမင်းထွန်းသိန်း(၃၈ နှစ်)၊ မဇင်မျိုးထွန်း (၂၁ နှစ်)၊ ဒေါ်လှလှဝင်း (၆၅ နှစ်)နှင့် ဒေါ်ခင်မိုးဝေ (၃၇ နှစ်)တို့ဖြစ်ကြောင်း Arakan Princess Media တွင် သတင်းဖော်ပြထားသည်။

ဒဏ်ရာရရှိသွားသူများမှာ အမှတ် (၂) ရပ်ကွက်က ဒေါ်ခင်လပြည့်၊ ဒေါ်မေမြင့်၊ နံ့သာဖြူ၊ အိရွှီစင်၊ ဒေါ်စီစီ၊ ဒေါ်ခင်လှ၊ ဦးတင်အုန်း၊ တင်ဇော်ထွေး၊ သျှင်မွေလ၊ ခင်ဇော်ထွေးနှင့် မောင်ဝင်းတင်တို့ဖြစ်ကြသည်။

၎င်းတိုက်ခိုက်မှုကို စစ်ကောင်စီ လေတပ်က ဩဂတ်စ် ၁၅ ရက် နေ့လယ်  ၁ နာရီလောက်တွင် ခရစ်ယာန်ဘုရားကျောင်းကို ရည်ရွယ်ချက်ရှိရှိ  ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြောင် သတင်းတွင် ဖော်ပြထားသည်။

ဩဂုတ်လ ၁၀ ရက်နေ့ကလည်း  ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်၊ ရှစ်သောင်း ဘုရားသွားလမ်း မြောက်ဦးဟိုတယ် လမ်းဆုံတွင် စစ်ကောင်စီက ဂျက်ဖိုင်တာဖြင့် ဗုံးလာကြဲသည့် အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဆက်စပ် သတင်းများ