Preview

မြေပုံမြို့အနီးတောထဲသို့ ထင်းရှာသွားသည့်လူငယ် မိုင်းပေါက်၍ ပြင်းထန်ဒဏ်ရာရ

သြဂုတ် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :863
ရခိုင် သတင်း

ကံ့ကော်နီနီ

နိရဉ္စရာ၊ ဩဂုတ် ၁၇ / ၂၀၂၄ 

ရခိုင်ပြည်၊ မြေပုံမြို့အနီးတောထဲသို့ ထင်းရှာသွားသည့်လူငယ်တစ်ဦးသည် မိုင်းပေါက်၍ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိ၇သည်။ 

ဒဏ်ရာရရှိသူမှာ မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်မှ ဦးမောင်အုန်း၏သား အသက်(၁၃)နှစ်အရွယ် မောင်ကျော်ဦးမြင့်ဖြစ်သည်။ 

သူသည် ယမန်နေ့ဩဂုတ်လ ၁၆ ရက်တွင် မြေပုံမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မိုက်ခရိုတောင်ရှေ့တွင်တည်ရှိသည့် နတ်သက်ကေကုန်းတွင် ထင်းသွားခုတ်ရာ မြေမြှုပ်မိုင်းကိုဓားဖြင့်ခုတ်မိရာမှ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၄င်း၏ဖခင်ဖြစ်သူက ပြောသည်။ 

"မိုင်းကိုဓားနဲ့ခုတ်မိတာပါ။ အပင်ကိုခုတ်နေတာမှာ မိုင်းကိုရှပ်ပြီးခုတ်မိတာက ပေါက်ကွဲသွားတာပါ" ဟု ပြောသည်။ 

မိုင်းစထိမှန်၍ မောင်ကျော်ဦးမြင့်၏ မျက်နှာနှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားပြီး လက်ရှိဆေးကုသမှုခံယူနေ၇သည်။ 

မောင်ကျော်ဦးမြင့်မှာ သူ၏မိသားစုဝင်လေးဦးနှင့်အတူ အိမ်တွင်ချက်ပြုတ်ရေးအတွက်အသုံးပြုရန်ထင်းသွားခုတ်ခြင်းဖြစ်ပြီး ကျန်လူများမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း သိ၇သည်။

မောင်ကျော်ဦးမြင့်တို့၏ မိသားစုမှာ နွမ်းပါးသည့်လက်လုပ်လက်စားများဖြစ်ပြီး ဆေးကုသစရိတ်လိုအပ်လျက်ရှိကြောင်း သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.