သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၂၀/ ၂၀၂၄
ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ်တွင် ၇ခိုင်မှ ကုန်ထမ်းပြီးအသက်မွေးဝမ်းကျောင်းပြုနေသည့် အထမ်းသမားများကို စစ်ကောင်စီမှ သေနတ်ဖြင့်ပစ်ခတ်၍ ၄ ဦးသေဆုံးကာ ၆ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူများမှာ တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာအုပ်စု တာရဲကျေးရွာမှ ကိုထွန်းလင်းအောင် အသက်(၃၆)နှစ်၊ ကိုလင်းလင်း အသက်(၂၅)နှစ်၊ ကိုငယ်ချေ အသက် (၂၆)နှစ်နှင့် ကိုသက်ပိုင် အသက် (၃၂)နှစ်ဖြစ်သည်။
ဖမ်းဆီးခံရသူမှာ တောင်ကုတ်မြို့နယ် မြို့ဟောင်းကျေးရွာမှ အမျိုးသား (၆) ဦးဖြစ်သည်။
၄င်းအမျိုးသားများသည် ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့က တောင်ကုတ်မြို့နယ်မှ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့၊ ရောင်ကြီးကျေးရွာတွင် ထားရှိသည့် ကုန်ပစ္စည်းများ သွားသယ်စဉ် ရောင်ကြီးကျေးရွာမှ အထွက် ဒေါတန်းကျေးရွာ မရောက်မှီ စပ်ကြားတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့်
“ စစ်ကောင်စီက လမ်းတွေပိတ်ထားတဲ့အတွက် ကျနော်တို့က တောင်ကုတ်ကနေ ဥသျှစ်ပင်ကို စားသောက်ကုန်ပစ္စည်းတွေသယ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတာပါ။ အဲ့ဒီရွာကိုရောက်ဖို့ တောင်ကုတ်ကနေ ၁၀ ရက်ကျော်လောက် ခြေကျင်သွားရတယ်။ ကုန်ထမ်းဖို့။ ကုန်ပစ္စည်းတွေက ရောင်ကြီးရွာမှာထားထားတာပါ။ အဲ့ဒီနေ့က ကုန်ထမ်းပြီးအထွက် ၁၀ ယောက်တစ်အုပ်စုစီထွက်ကြတာ ၄ ယောက်ကအရင်ရှေ့ကသွားတယ်။ အဲ့ဒီ ၄ ယောက်က ဒေါတန်းရွာက ထွက်လာတဲ့ စစ်ကြောင်း ၅၀ လောက်နဲ့ သွားတိုးတော့ သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။ နောက်ကလာတဲ့ ၆ ယောက်ကိုကျတော့ ဖမ်းသွားကြတယ်ကြိုးတွေတုပ်ပြီး”ဟုပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသားများကို စစ်ကောင်စီတပ်သားများ သေဆုံးသူ၏ ရုပ်အလောင်းများကို သယ်ဆောင်ခိုင်းကာ ဥသျှစ်ပင်နယ်မြေခံတပ်ရင်းထံသို့ ခေါ်ဆောင်သွားသည်ဟု မျက်မြင်များက ပြောသည်။
“ အလောင်းတွေကို ဖမ်းသွားတဲ့သူတွေကို ထမ်းခိုင်းတယ်။ ရိုက်နှက်ပြီးခေါ်သွားတာတွေ့လို
စားဝတ်နေရေးကျပ်တည်းသည့် အတွက် ခက်ခက်ခဲခဲ တောလမ်း၊တောင်လမ်းများကို ဖြတ်ကျော်ကာ ကုန်ပစ္စည်းသယ်ယူကာလုပ်ကိုင်စား
“ စစ်ကောင်စီက ရခိုင်ပြည်တွင်းကို ကုန်ပစ္စည်းတွေမဝင်ရအောင် နည်းမျိုးစုံနဲ့ဖြတ်တောက်တယ်။ ဂိတ်တွေပိတ် လူတွေကိုဖမ်း ကုန်ပစ္စည်းတွေကိုဖမ်းအမျိုးမျို
တောင်ကုတ်မြို့ကို ကုန်ပစ္စည်းပို့ဆောင်နေသည့် အဓိက အချက်အချာကျသည့် တောင်ကုတ်-ပြည်လမ်းကို ၄င်းလမ်းပေါ်တွင်ရှိသည့် ဥသျှစ်ပင် စစ်ဆေးရေးဂိတ်မှ ပိတ်ထားသည့်အတွက် တောင်ကုတ်မြို့သို့ ကုန်ပစ္စည်းတင်သွင်းရန် စီးပွားရေးလုပ်ငန်းရှင်များနှင့်
အဆိုပါ စစ်ကြောင်းထဲတွင် ကာဘိုင်သေနတ်အမျိုးအစားကိုင်ဆောင်ထားသည့် ပြည်သူ့စစ်များနှင့် MA-1 သေနတ်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိ၇သည်။ (ဓာတ်ပုံ-လူမှုကွန်ယက်)