စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တော နခခ(၅)ကို စစ်ကောင်စီမှ လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၂၅ /၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကိုခံနေရသည့် ခိုင်ပြည် အနောက်ဘက် နယ်စပ်မှ တစ်ခုတည်း လက်ကျန် မောင်တောမြို့ နခခ(၅) ဌာနချုပ် စခန်းမကျစေရန် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ကာ ပြင်းအထန်ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။

ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ွင်လည်း ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နခခ (၅) အနီးဝန်းကျင်ကို ဗုံးများကြဲချခဲ့သလို  ယမန်နေ့က ဩဂုတ်လ ၂၄ ရက် ညနေကလည်း စစ်ကောင်စီမှ  ဂျက်ဖိုင်တာ ၂ စီးဖြင့် နခခ(၅) အနီးအနား နေရာများအား ဗုံးများလာရောက် ကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က ညနေ ၇ နာရီ ၁၅ မှာ ဂျက်တိုက် လေယာဉ် နှစ်စီး‌နဲ့ အပြင်းအထန် ဗုံးကြဲချခဲ့တယ်။ ဒီနေ့ မနက် ၉ နာရီမှာလည်း ဂျက်နှစ်စီးနဲ့ လာပြီး ဗုံးကြဲချနေတယ်။ စခန်းအနီးဗုံးလာကြဲချရင်တော့ စစ်ကောင်စီ အခြေအနေ သိပ်မကောင်းဘူးဆိုတဲ့ သဘောဘဲဖြစ်ပါတယ် "ဟု ဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအား အာရက္ခတပ်တော် AA မှ သြဂုတ်လ ၄ ရက်နေ့ မှ စတင်ထိုး စစ်ဆင်တိုက်ခိုက်နေပြီး  မြို့တစ်ခု လုံးနီးပါးအား သိမ်းပိုက်ထားပြီး နခခ(၅)အားလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်‌နေကြောင်း အာရက္ခတပ်တော်က ယမန်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း နှစ်ဆယ်ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ ဖက်ဆစ် စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီး ဖြစ်သကဲ့သို့ အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်

မောင်တောစစ်ရေးအားအနီးကပ်လေ့လာသူတစ်ဦးက "ရခိုင်မှာ ကျင်နဲ့ ပတ်သက်တဲ့ စကားပုံတစ်ခု ရှိတယ်။ နားရွက်က‌မြေကြီးကိုကျသွားပြီး ဦးခေါင်းကို အကျမခံနိုင်သေးဘူး ဖြစ်နေတာ။ မြိုနယ် တစ်ခုလုံးက တပ်စခန်းဘာတစ်ခုမှ မကျန်တောဘူး။ မြို့တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားပြီ။ နခခ(၅)တစ်ခုတည်းက ဘယ်လောက်အထိ ခုခံနိုင်တောမလဲတော့ မသိဘူး"ဟု ပြောဆိုသည်။

မောင်တောမြို့ပေါ် စခန်းအများအပြား အေအေလက်ထဲ ကျရောက်သွားပြီဖြစ်သော်လည်း စစ်ကောင်စီည် မောင်တောမြို့ပေါ် နေရာအနှံ့အား ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဩဂုတ်လ ၂၁ ရက်၊ မနက် ၉ နာရီကျော်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီကျော်၌ Y-12 ဖြင့် တစ်ကြိမ်၊ ညနေ ၇ နာရီကျော်၌  တစ်ကြိမ် ဗုံးများကြဲချခဲ့၍ ယခုကဲ့သို့ အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မောင်‌တောမြို့နယ်၌တစ်ခုလုံး၌ တစ်ခုတည်းကျန်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ခွဲနခခ(၅) အား အာရက္ခတပ်‌တော် AAမှ ဩဂုတ်လ ၂၀ ရက်နေ့မှစပြီးအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီမှလည်းလေကြောင်းဖြင့်အပြင်းအထန်ခုခံကာကွယ်လျှက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

မကြာမီ ရက်ပိုင်းအတောအတွင်း နခခ(၅) အဖြေထွက်လာနိုင်သည်ဟု ဒေသခံများက တွက်ချက်ပြောဆိုကြသည်။

ဆက်စပ် သတင်းများ