သဉ္စာနွယ်
နိရဉ္စရာ၊ သြဂုတ် ၂၆/ ၂၀၂၄
ရခိုင်ပြည်၊မာန်အောင်မြို့နယ်တစ်ကျွန်းလုံး၏ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထား၍ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်ပြီး ဆေးဝါးများလည်း ပြတ်တောက်နေသည်ဟု ဒေသခံများကပြောသည်။
ဆေးရုံများတွင်လည်းသွေးအိတ် (Blood bag)များ ပြတ်လပ်နေ၍အခက်တွေ့နေရသည်ဟု မာန်အောင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကနိရဉ္စရာသတင်းဌာနကို ပြောပါတယ်။
"ဆေးတွေကရှားတဲ့အဆင့်တောင်မဟုတ်ဘူး။လုံး၀ပြတ်နေတဲ့အနေအထားပါ။ ဆေးရုံမှာဆေးတွေမရှိတော့ လူနာတွေအတွက်ဒုက္ခရောက်နေကြ၇တယ်"ဟု ပြောသည်။
ယင်းအပြင် ဒေသတွင်း ကုန်စည်စီးဆင်းမှုပြတ်တောက်နေ၍ ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
မာန်အောင်ဒေသခံအများစုမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသော်လည်း ယခုအခါ ပင်လယ်ပြင်ရှိ စစ်ကောင်စီ၏နေဗီများက ငါးဖမ်းစက်လှေများကို လက်နက်ငယ်ဖြင့် လှမ်းပစ်မှုရှိ၍ ငါးဖမ်းမထွက်ရဲကြဘဲ ကျီးလန့်စာစားနေရသည့်အဖြစ်ကိုရောက်ရှိနေကြ၇သည်ဟု မာန်အောင်ကျွန်းမှ ငါးဖမ်းသမားတစ်ဦးက နိရဥ္စရာကို ပြောသည်။
“တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘဲ မာန်အောင်ဒေသခံတွေရဲ့လွတ်လပ်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတော့ ကြာလာရင် အငတ်ဘေးရောက်တော့မယ်”ဟု ပြောသည်။
မာန်အောင်ကျွန်းမှာ ရေပတ်လည်ဝိုင်းထားသည့် ကျွန်းဖြစ်သည့်အတွက် စစ်ရေးအရတစ်စုံတစ်ရာဖြစ်လာပါက ရေလမ်းကြောင်းအပြင် ပြေးစရာလမ်း တခြားမရှိဘဲ လမ်းပျောက်နေကြ၇သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
“စစ်ကောင်စီကလည်း မြို့အဝင်အထွက်ကိုပိတ်ထားတော့ တောင်ကုတ်ဖက်ကိုပြေးဖို့လည်းမ၇။ တောင်ကုတ်မှာလည်း စစ်ရေးက တင်းမာနေတယ်။ ရမ်းဗြဲဖက်ကိုလည်း စက်လှေနဲ့ထွက်ပြေးမယ်ဆိုရင်လည်း နေဗီတွေကရှိနေတယ်”ဟု ပြောသည်။
ယင်းအပြင် မာန်အောင်မြို့နယ်မှ ကျေးရွာများတွင် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ စစ်ကြောင်း ထိုးလျက်ရှိပြီး ကျေးရွာများတွင် ညအိပ်ညနေပြုလုပ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြ၇သည်ကြောင်း သိ၇သည်။
စစ်ကောင်စီသည် မာန်အောင်မြို့နယ်ကို ရေကြောင်းအ၇ အရေးပါသည့် မြို့တစ်ခုအဖြစ်သတ်မှတ်ထားကာ စစ်ရေးအ၇လည်း အခိုင်အမာပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ စစ်ရေး၊ နိုင်ငံရေးများကြောင့် မာန်အောင်မြို့ကို ဝင်ရောက်လာမည့် ကုန်စည်များမှာ ပြတ်တောက်သွားနိုင်သည့် အနေအထားနှင့်ရင်ဆိုင်နေရသည်ဟု သိ၇သည်။
ဒေသတွင်း ကျန်ရှိနေသေးသည့် ကုန်စည်များမှာလည်း အဆမတန်ဈေးနှုန်းမြင့်တက်သွားနိုင်သဖြင့် ဒေသခံလက်လုပ်လက်စားများမှာစားဝတ်နေရေးအကျပ်အတည်းများရှိလာနေကြောင်း သိ၇သည်။
မာန်အောင်ကျွန်း၏ အဝင်အထွက်များကို စောင့်ကြည့်ရန်အဓိကအချက်အခြာကျသည့် ခအုန်းမော်ကျေးရွာနှင့် မျှော်တော်ဦးကျေးရွာတို့အပြင် ရေပြင်နေရာများကို စစ်ကောင်စီတပ်က နေရာ၇ယူထားသည့်အတွက် မာန်အောင်သို့ ကုန်စည်စီးဆင်းမှုမှာ ဝင်ရောက်လာနိုင်ရန် ခက်ခဲလှကြောင်း ဒေသခံများက ပြောသည်။
မာန်အောင်ကျွန်းသည် စက်လှေများနှင့် ဝင်ရောက်လာမည်ဆိုပါကမာန်အောင်မြို့ဆိပ်ကမ်းနှင့် ဇရပ်ကုန်းခင်ဆိပ်ကမ်းနှစ်ခုသည် အဓိက ဆိပ်ကမ်းနှစ်ခုဖြစ်ကြောင်း သိ၇သည်။