Preview

စစ်တွေ မင်းဒြားချိတ်ရွာဟောင်းမှ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦးအနက် ကျောင်းသား ၃ ဦးအပါအဝင် ၁၃ ဦး ပြန်လွတ်လာ

သြဂုတ် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :1284
ရခိုင် သတင်း

သျှင်မင်းဇံ၊ နိရဉ္စရာ၊ ဩဂုတ် ၂၆/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ဆတ်ရိုးကျအနီးရှိ မင်းဒြားချိတ်ရွာဟောင်းမှ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦးအနက် အသက်၁၀ နှစ်ကျော်အရွယ်ကျောင်းသား ၃ ဦး အပါအဝင် အရပ်သား ၁၃ဦး ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူများမှာ မစန္ဒာဝင်း၊ထွန်းထွန်းနိုင်၊ မောင်ချေ၊ သားပုချေအဖေ၊ သိန်းမင်းဌေး၊ ဆန်းမောင်လှ၊ သားပုချေ၊သားကြီး၊ သန်းဇော်ဦး (ခ) မောင်မြတ်ဦး၊ ဝင်းဝင်းဇော်၊ သန်းဇော်းဌေး အပါအဝင်ဝေဠုဝန်ဘုန်းကြီးကျောင်းရှေ့ က နှစ်ဦးတို့ ဖြစ်ကြသည်။

၎င်းတို့သည် စစ်တွေမြို့ အမှတ် (၁)ရဲစခန်းမှ အာမခံငွေကြေးပေး၍ လွတ်မြောက်လာခြင်းဖြစ်ပြီး မောင်ခြောက်ချေ၊နေမင်းထွန်းနှင့် ကိုဌေးဌေးတို့အား စစ်ဆေးမေးမြန်းရန် ရှိသေးသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားကြောင်းလွတ်မြောက်လာသူ၏ မိသားစုဝင်တစ်ဦးမှ နိရဉ္စရာသို့ ပြောသည်။

“ ၁၃ ယောက်က ပြန်လွတ်လာတယ်။ကျောင်းသား ၃ ယောက်နဲ့ မိန်းကလေး တစ်ယောက်လည်း ပါတယ်။ ရဲစခန်းမှာအာမခံငွေကြေးပေးခဲ့၇ပါတယ်။ နောက်ထပ် ၃ ယောက်ကတော့ စစ်ဆေးစရာတွေ ရှိသေးတယ်လို့ပြောပါတယ်” ဟု ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ရက်နေ့ ညအချိန် ၁၂ နာရီခန့်တွင် စစ်တပ်နှင့် ရဲတို့က ဝိုင်းဝန်း ပိတ်ဆို့ကာဝင်ရောက်စီးနင်း ဖမ်းဆီးသွားခံခဲ့ခြင်းဖြစ်သည်။

ယင်းထဲမှ ၁၃ ဦး ပြန်လွတ်လာပြီးကျန်နေခဲ့သည့်  ၃ ဦးသည် စစ်တွေမြို့အမှတ် (၁) ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထား၇သည်။

စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင်ရှိနေသေးသည့်မြို့တော်စစ်တွေတွင် ရဲနှင့်စစ်တပ်က အပြစ်မဲ့ အရပ်သားများအားအကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေရပြီး အချို့ဖမ်းဆီးခံရသူများတွင်လည်း ငွေကြေးဖြင့်ရွေးကာ ပြန်လည်လွတ်လာသူများရှိပြီး အချို့မှလည်းမိသားစုဝင်များနှင့်အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သိ၇သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ရက်နေ့ကလည်း ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီ; ရွာသူ/ရွာသား များအား ဖမ်းဆီးကာထိုအထဲမှ  (၇၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပြီး၁၀၀ကျော်ကို စစ်ကောင်စီ ခလ၇ (၂၀) တပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။၎င်းဗျိုင်းဖြူ ရွာသည် မင်းဒြားချိတ်ရွာဟောင်း အနီးတွင် တည်ရှိသည်။

စစ်ကောင်စီသည်စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေပြီး မြို့သူမြို့သားများကိုလည်း ဓားစားခံအဖြစ် ထားရှိကာ ထွက်သွား၍ မရအောင် မြို့ကိုပိတ်ဆို့ထားသည်ဟု သိ၇သည်။

ပုံစာ- ၇ခိုင်ပြည်သူများအား ဖမ်းဆီးချုပ်နှောင် ညှဉ်းပမ်းနှိပ်စက်စစ်ဆေး ငွေညစ်မှုများဖြင့် နာမည်ကြီးနေသည့် စစ်တွေအမှတ်(၁) ရဲစခန်း။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.