အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ စေတီကွင်းကျေးရွာသားသုံးဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 866

မင်းသျှင်စောနိရဉ္စရာ၊သြဂုတ် ၂၇ ၊ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၊ စေတီကွငးကျေးရွာနေ အရပ်သားပြည်သူ ၃ ဦးကို ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးထားကြောင်းသတင်းရရှိပါသည်။

ဒေသခံတစ်ဦးက "ဟုတ်ပါတယ် ဒီနေ့သြဂုတ် ၂၇ နေ့လည် ၂ နာရီခွဲခန့်မှာ သူတို့က ဆန်အိတ် သယ်ကြတယ် အငှားပေါ့ဗျာ။ ရွာထဲက ဆန်လိုအပ်လို့ မှာတဲ့ ရွာက သူတွေကို ထမ်းပို့ကြတာ။ ောလမ်းမှ တစ်အိတ်ကို ငွေ ၁၅၀၀၀ ခွဲရတယ်။ ကြိုးကြာကွင်းဂိတ် နောက်ကျောမှာ တောလမ်းရှိတယ် အဲီကသွားကြတာ။ စစ်တပ်က ကင်းပုန်းဝပ်နေတာ။ သူတို့ သုံးယောက်တွေ့တော့ စစ်ဆေးပြီး ဖမ်းသွားတာပါ"ဟု ၄င်းက ပြောကြားသည်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ တောင်ကုတ်မြို့၊စေတီကွင်းကျေးရွာနေ မင်းချစ်နိုင် (၂၂) နှစ်၊ ကိုဦး(၃၂) နှစ်နင့် ချစ်မင်းသူ (၂၃)နှစ်တို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီ၏ ကြိုးကြာကွင်းဂိတ်က တစ်ဆင့် စကခ (၅) တပ်မကို နောက်ပြန်ကြိုးတုတ် ျည်နှောင်ပြီးခေါ်ဆောင်သွားပါတယ် မျက်မြင် ဒေသခံတစ်ဦးက ပြောကြားသည်။

တောင်ကုတ်မြို့ အဝင်အထွက်ဂိတ်များတွင် လက်ရှိကာလအတွင်း အဖမ်းအဆီးများနေပြီး ဩဂုတ် ၂၃ ရက်နေ့ကလည်း ဆရာမတစ်ဦးနှင့် သူမ ဖခင်အပါအဝင် ၃ ဦးဖမ်းဆီးခံခဲ့ရသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီနင့်အာရက္ခတပ်တော်တို့ကြားစစ်ရေးတင်းမာနေပြီး စားနက်ရိက္ခ သယ်ဆောင်ရေးကို မြို့ဝင်အထွက်ပိတ်ပင်ထားပြီး နယ်ဖက်သို့ ဆေးနင့် စားသုံးကုန် အမျိုးကို အဓိကထားစစ်ဆေးမူကိုနေ့စဉ်ပြုလုပ်ကာ အပြစ်မဲ့  အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းကို နေ့စဉ်ကြုံတွေ့နေရသည်။

 

 

---

 

 

ဆက်စပ် သတင်းများ