စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA ထိန်းချုပ်နယ်မြေများအတွင်း လုံခြုံမှု၊ နွေးထွေးမှု အပြည့်အဝရှိဟု မောင်တောဒေသခံ မွတ်ဆလင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၂၉ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေများအတွင်း၌ လုံခြုံမှု၊ နွေးထွေးမှု အပြည်အဝဖြင့် နေထိုင်နေရကြောင်း ဒေသခံမွတ်ဆလင်များက ပြောဆိုသည်။

AA လွတ်မြောက်နယ်မြေများ၌နေထိုင်သူ မောင်‌တောဒေသခံမွတ်ဆလင် တစ်ဦးက "ကျွန်တော်တို့ AA ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေရတာ လုံခြုံမှုအပြည့်အဝ ရှိတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ စစ်ကောင်စီအုပ်ချုပ်‌တဲ့အောက်မှာနေခဲ့ရတာ ARSA အဖွဲ့၊ RSO အဖွဲ့‌ တွေက ဓားပြတိုက်တာလည်း ခံရတယ်။ ပြန်ပေးဆွဲခံရတာလည်း ခံရတယ်။ အသတ်ခံရတာတွေလည်း များစွာရှိခဲ့တယ်။ အခု AA ထိန်းချုပ်‌နယ်မြေမှာ ဒီလိုမျိုး ဘာမှမရှိဘူး။ ဘေးအန္တရာယ်ကင်းစွာနေထိုင်နေရတယ်"ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်းရှိ ဒေသခံမွတ်ဆလင်များမှာ မြန်မာစစ်တပ်နှင့် ARSA၊ RSO၊ ARA အဖွဲ့များထံ၌ ဓားပြတိုက်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ ရက်စက်စွာသတ်ဖြတ်ခံရခြင်းများအား ခံနေခဲ့ကြရသည်ဟု ပြောကြသည်။

ယင်းအပြင် စစ်ကောင်စီ၏ စစ်တပ်အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် ထွေအုပ် အစရှိသည့် ဌာနဆိုင်ရာများအားလုံးထံ၌လည်း နည်းမျိုးစုံဖြင့်ဖိနှိပ်ခံခဲ့ကြရပြီး နည်းမျိုးစုံဖြင့် ‌ငွေညှစ်တောင်းစားခြင်းများခံနေခဲ့ကြရကြောင်း ပြောဆိုသည်။



မောင်တောမှ မွတ်ဆင်လင်တစ်ဦးက "ကျွန်တော်တို့ မွတ်ဆလင်တွေကို လက်နက်ကိုင်စစ်တပ်၊ နယ်ခြားစောင့်နဲ့ ရဲတပ်ဖွဲတွေ၊ ဌာနဆိုင်ရာ‌တွေကနည်းမျိုးစုံနဲ့ ငွေတောင်းစားခံနေခဲ့ကြရတာ ဆယ်စုနှစ်တစ်ခုအထိကြာ‌နေပါပြီ။ တရားရုံးဆိုရင် အဆိုးဆုံးလို့ပြောလို့ရတယ်။ အခု AA အုပ်ချုပ်မှုအောက်ကိုရောက်မှ သူတို့ပေးတဲ့ဒုက္ခမျိုးတွေက လွတ်မြောက်ခဲ့ကြရတယ်"ဟု ပြောဆိုသည်။

မောင်တောမြို့အတွင်း စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ လူသားဒိုင်းကာ အဖြစ် ပိတ်လှောင်ခံထားခဲ့ရသည့် ပြည်သူ ၂၀၀၀၀ ကျော်အား AA က ဘေးလွတ်ရာသို့ ကယ်ထုတ်ထားသည်။

သူတို့ကို ULA/AA က တည်‌ထောင်တားသည့် လူသားချင်းစာနှာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Humanitarian and Development Coordination Office - HDCO)က အမိုးအကာ၊ စားနှပ်ရိက္ခာများ၊ ဆေးကုသရေးနှင့် ပညာရေးဆိုင်ရာထောက်ပံ့ကူညီ‌မှုများပြုလုပ်‌ပေး​လျက်ရှိနေကြောင်း သိရသည်။


တိုက်ပွဲရှောင် မွတ်ဆလင်တစ်ဦးက "ကျွန်တော်တို့ စစ်ဘေးရှောင်တစ်ဦးကို အာရက္ခတပ်တော်က ဆန် ၃ သိုက်ခွဲစီနဲ့ မိသားစုတစ်စုကို စားသုံးဆီ တစ်လီတာ၊ တာပေါ်လင် အမိုးအကာတွေထောက်ပံ့ပေးတယ်။ အခုလိုတိုက်ပွဲဖြစ်နေဆဲကာလမှာ AA အနေနဲ့ ထောက်ပံ့ ပေးနိုင်တာ အတော်ကိုလေးစားမိတယ်။ ပြန်လည်ထူထောင်ရေးတောင် မစတင်နိုင်သေးတဲ့ အချိန်မှာ အခုလို ကူညီထောက်ပံ့ပေးတာ အလွန်မှကျေးဇူး တင်ထိုက်ပါတယ်။ နိုင်ငံတကာ၊ ICRC နဲ့ WFP အဖွဲ့အပါအဝင်အခြား INGO အဖွဲ့တွေလည်း ဘာမှ မကူညီနိုင်ကြတော့ ဘူးလေ"ဟု ပြောဆိုသည်။

ပြည်ပရောက်မွတ်ဆလင်များနှင့် လူ့အခွင့်အရေးအရေခြုံသမားများက မောင်တောရှိ မွတ်ဆလင်များအား AA က အကြမ်းဖက်သတ်ဖြတ်နေကြောင်း မဟုတ်မမှန် လုပ်ကြံ သတင်းများ လွှင့်နေကြမှုမှာ လက်တွေ့မြေပြင်နှင့် များစွာကွဲလွဲနေကြောင်းလည်း မောင်တောရှိ မွတ်ဆလင်များက ပြောကြသည်။

AA က ရခိုင်ပြည်တွင်း မှီတင်းနေထိုင်နေကြသည့် ပြည်သူများအားလုံးကို လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည်။

ဒေသအုပ်ချုပ်ရေးများ၌လည်း လူမျိုးတိုင်း တန်းတူရည်တူ အညီအမျှ ပါဝင်ခွင့်ရနိုင်ရေး အတွက် AA ထိန်းချုပ်နယ်မြေများအတွင်း နေထိုင်ကြသည့် လူမှုအသိုင်းအဝိုင်းများကြားတွင် သဟဇာတဖြစ်မှုနှင့် အချင်းချင်းနားလည်မှုများအား ယခင်ကထက် ပိုမိုရရှိလာသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ မောင်တောမြို့နယ်၊ လဘော်ဇားရွာ၊ အောင်ဇေယျ (ရခိုင်)ရွာ၊ အလယ်သံကျော်(ရခိုင်) ရွာနဲ့ ပေါင်းဇား(မူဆလင်)ရွာ၌ မှ ပြည်သူများအား ဩဂုတ် ၂၄ ရက်နေ့ ULA/AA က ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ်

ဆက်စပ် သတင်းများ