နိရဉ္စရာ၊ဩဂုတ် ၂၉/၂၀၂၄
တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့တွင် စစ်ကောင်စီနှင့်အပေါင်းအပါများသည် မောင်တော မြို့ပြင်၌တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍တိုက်ခိုက်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့ဟု အာရက္ခတပ်တော်၏ ဩဂုတ် ၂၉ ရက် စစ်ရေးသတင်းများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းပြင် တိုက်ပွဲ (၃) ရက်တာအတွင်းတွင်လည်း အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် နေရာအနှံ့အပြားမှ ရန်သူ စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများအပြင် သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်း၇မိခဲ့သည်ဟု ဖော်ပြသည်။
ထုတ်ပြန်ချက်ထဲတွင် အာရက္ခတပ်တော်သည်လည်းမောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ ရန်သူ၏အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း၊ အာရက္ခတပ်တော်သည်မောင်တောမြို့အတွင်းမှ ရန်သူ၏ ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခုသိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။
တစ်ပြိုင်နက်တည်းတွင်မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက်ကစဉ့်ကလျားထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့တွင်းတိုက်ပွဲများမှာမြို့တွင်း၏နေရာအချို့ ၌ ဆက်လက် ဖြစ်ပွားနေခဲ့သည်ဟုဆိုသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၇/၂၈/၂၉)နေ့တွင်လည်း မိမိတို့ ထပ်မံသိမ်းပိုက်ရရှိထားသော မောင်တောမြို့၏ နေရာအနှံ့အပြားမှရန်သူ စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများအပြင် သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်း၇မိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် မောင်တောမြို့အတွင်းမှဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သောတိုက်တာအဆောက်အဦးတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား အာရက္ခတပ်တော်မှတိုက်ပွဲများအတွင်း အရေအတွက် နှစ်သောင်းခြောက်ထောင်(၂၆၀၀၀) နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက် အပြည့်အစုံကို အောင်တွင် ဖတ်ရှုနိုင်ပါသည်>>>>
အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၉) ရက် မောင်တောမြို့တွင်းမှခုခံစစ်ဆင်နွှဲနေခဲ့သော ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက်မူ ဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ နှင့်အာရက္ခတပ်တော် တို့သည်ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
အာရက္ခတပ်တော်သည်လည်း မောင်တောမြို့အားအလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ ရန်သူ၏အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခုရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။
မိမိတို့သည် မောင်တောမြို့အတွင်းမှရန်သူ၏ ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင်မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက်ကစဉ့်ကလျားထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့တွင်းတိုက်ပွဲများမှာမြို့တွင်း၏နေရာအချို့ ၌ ဆက်လက် ဖြစ်ပွားနေခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၇/၂၈/၂၉) နေ့တွင်လည်း မိမိတို့ ထပ်မံသိမ်းပိုက်ရရှိထားသော မောင်တောမြို့၏နေရာအနှံ့အပြားမှ ရန်သူ စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏အလောင်းများအပြင် သုံပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်း၇မိခဲ့သည်။
ဖက်ဆစ်စစ်ကောင်စီနှင့်အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅)စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍တိုက်ခိုက်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ထို့အပြင် မောင်တောမြို့အတွင်းမှဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သောတိုက်တာအဆောက်အဦးတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား အာရက္ခတပ်တော်မှတိုက်ပွဲများအတွင်း အရေအတွက် နှစ်သောင်းခြောက်ထောင်(၂၆၀၀၀) နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်သည်။
သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့်ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်းဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
ရန်သူသည်လည်းမောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍အသည်းအသန် ခုခံလျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်မှလည်း အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့်ဆက်စပ်နေသောနေရာများ၌ တိုက်ပွဲများပြင်းထန်နေခဲ့သည်။
နောက်ဆက်တွဲတိုက်ပွဲသတင်းများရရှိပါကထပ်မံတင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်