မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၃၁/၂၀၂၄
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၃၁ ခုတွင် နံနက် ၁ နာရီမှ ၃နာရီအတွင်း ညမထွက်ရအမိန့်ကို စစ်ကောင်စီက ပြန်လည်ထုတ်ပြန်လိုက်ကြောင်း သိ၇သည်။
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်မှအပ ကျန် ၃၁ မြို့နယ်အတွင်း ပုဒ်မ ၁၄၄ညမထွက်၇ အမိန့်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ညမထွက်၇အမိန့်ထုတ်ပြန်လိုက်သည့် မြို့နယ် ၃၁ မြို့နယ်မှာသင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ပုဇွန်တောင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ ရန်ကင်း၊ သာကေတ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင် စမ်းချောင်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊လှိုင်၊ လမ်းမတော်၊ လသာ၊ အလုံ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊လှိုင်သာယာ (အနောက်ပိုင်း)နှင့် ရွှေပြည်သာ စသည့်မြို့နယ်တို့ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်တွင် ညမထွက်၇အချိန်ကို ည(၁၂)နာရီမှ နံနက် (၄)နာရီအတွင်း သတ်မှတ်ထားခဲ့သော်လည်းလက်ရှိတွင် နံနက် (၁)နာရီမှ နံနက်(၃)နာရီအတွင်း သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ထားခဲ့သည့်ညမထွက်ရအမိန့် သတ်မှတ်ချက်ကို ယခု ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်းရန်ကုန်မြို့နေသူများက ပြောသည်။
ရန်ကုန်မြို့နေအမျိုးသားတစ်ဦးက "အရင်ကတည်းကနေ ၁ နာရီကနေ ၃နာရီအထိ ထုတ်ပြန်ချက်ရှိပါတယ်။ နောက်ပိုင်း နားလည်မှုနဲ့ ညပိုင်းသွားလာမှုတွေတော့ရှိတာပေါ့လေ။ အခုလည်း အဲဒီအမိန့်ကိုပဲ ထပ်ပြီးတော့ ထုတ်ပြန်တာပါ"ဟု နိရဥ္စရာကိုပြောသည်။
ထို့ပြင် ယခု ထုတ်ပြန်လိုက်သည့် ညမထွက်ရအမိန့်သည်နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေ၇မည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကလည်း ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ရှိတွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များတွင် ယခင်ကထုတ်ပြန်ထားသည့် နံနက် ၁ နာရီမှ ၃ နာရီအတွင်း ညမထွက်၇အမိန့်အစား ည ၁၀ နာရီမှ နံနက်၅ နာရီအတွင်း ညမထွက်ရဟု ပြင်ဆင်ထုတ်ပြန်ထားသည်ဟု သိ၇သည်။