အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်ရှိ ခရိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီကဗုံးကြဲ၍ လူငယ်တစ်ဦးသေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီဂျက်ဖိုက်တာနှစ်စီးဖြင့် ယမန်နေ့ ညနေ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်၍ အသက် ၁၅ နှစ် အရွယ် လူငယ်တစ်ဦးပွဲချင်းပြီးသေဆုံးပြီး ရွာသား ဦးထက် မနည်းလည်း ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပွဲချင်းပြီးသေဆုံးသွားသည့် လူငယ်မှာ ဦးသူရစိုး၏သား မောင်မိုးသက်နိုင်(၁၅)နှစ် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၃၁ ရက်၊ ညနေ နာရီဝန်းကျင်တွင် စစ်ကောင်စီဂျက်ဖိုက်တာနှစ်စီးက ခရိုင်ကျေးရွာမှ လက်ပံဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။

"ရွာသားတွေ ဒီအတိုင်း သတိလက်လွတ်နေတဲ့အချိန်မျိုးမှာ လာကြဲတာ" ဟု ပြောသည်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ပံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ဆွမ်းစားဆောင်တို့ ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းတွင်ဖုန်းအားသွင်းရန်ရောက်ရှိနေသည့် မောင်မိုးသက်နိုင်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "သေသွားတဲ့ကလေးက ဘုန်းကြီးကျောင်းမှာ ဖုန်းအားသွင်းဖို့လာတာမှာ ဗုံးကြဲတာနဲ့ကွက်တိကျပြီးသေသွားရတာ"ဟု ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ ဦးထက်မနည်းလည်း ဒဏ်ရာရရှိသွားသည်ဟု သိရပြီး ယင်းထက်လည်းပိုနိုင်ကြောင်း အဆိုပါဒေသခံက ပြောသည်။

ဗုံးကြဲတိုက်ခိုက်စဥ်အတွင်း ကျောင်းထဲတွင် ကိုရင်နှစ်ပါးရှိနေခဲ့သော်လည်း ထိုခိုက်မှုမရှိခဲ့ဟု သိရသည်။

ဗုံးအစနများကြောင့် ရွာရှိနေအိမ်များလည်း အမိုးပေါက်ပျက်စီးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စကခ() အခြေစိုက်တောင်ကုတ်မြို့အနီး တဝိုက်ကျေးရွာများကို ပစ်မှတ်ထားကာ ဩဂုတ်လ နောက်ဆုံးပတ်မှစတင်၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

စကခ()ကို AA ဝင်ရောက်ထိုးစစ်ဆင်သိမ်းပိုက်မည်ကို အကြောက်လွန်နေသော စစ်ကောင်စီသည် AA တပ်ဖွဲ့ဝင်များရှိသည်ဟု ထင်မြင်သည့်နေရာဟူသမျှကို ပစ်မှတ်ထား တိုက်ခိုက်လာကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဩဂုတ်လ  ၂၂ ရက်ကလည်း မအီ-တောင်ကုတ်လမ်းပိုင်း မြို့နှင့်နီးစပ်သည့်ကျေးရွာများအနီး စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မီးချောင်းထိုးကျေးရွာမှ အသက်(၂၇)နှစ် အရွယ် မခင်ယုနန္ဒာထွန်းမှာ ပွဲချင်းပြီးသေဆုံးကာ နေအိမ်သုံးလုံးဗုံးထိမှန်ပျက်စီးခဲ့သည်။

ယမန်နေ့က တောင်ကုတ်မြို့ပေါ်တပ်ရင်းများကလည်း အမြောက်နှင့် လက်နက်ကြီးများပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ခဲ့ကြောင်းမြို့ခံများကပြောသည်။

 

ဓာတ်ပုံ - ပုံဟောင်းသာ

ဆက်စပ် သတင်းများ