Preview

ဆမီးတွင် ဟင်းရှာသွားသည့် အမျိုးသမီး မိုင်းနင်း၍ ပွဲချင်းပြီးသေဆုံး

စက်တင်ဘာ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :808
ရခိုင် သတင်း

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂/၂၀၂၄

ချင်းပြည်နယ်၊ ဆမီးမြို့တွင် စစ်ကျန်မိုင်းကိုနင်းမိ၍ဟင်းရှာသွားသည့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ ဆမီးမြို့၊ အမှတ်(၂)ရပ်ကွက်မှဒေါ်သိန်းနု(၄၃)နှစ်ဖြစ်သည်ဟု သိ၇သည်။

ဒေါ်သိန်းနုသည် အဖော်အမျိုးသမီးတစ်ဦးနှင့်အတူ ပြီးခဲ့သည့် ဩဂုတ်လ၂၉ ရက်၊ နံနက် ၁၀ နာရီခန့်က ဆမီးမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်ကတပ်စခန်းချနေထိုင်ခဲ့သော ဒေသအခေါ် လိပ်ကုန်းတောင် ဗျူဟာကုန်းတွင် ဟင်းရှာသွားစဥ် မြေမြှုပ်မိုင်းနင်းမိခဲ့၍ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ဆမီးမြို့ခံတစ်ဦးက ပြောသည်။

"စစ်တပ်က တပ်စွဲနေထိုင်ခဲ့တဲ့တောင်မှာဖြစ်တာပါ။ ပွဲချင်းပြီးသေသွားတယ်။အဖော်အမျိုးသမီးကတော့ ဘာမှမထိခိုက်ခဲ့ပါဘူး။ ယာစိုက်ခင်းကနေ လိပ်ကုန်းတောင်မှာဟင်းရှာသွားတာကနေ မိုင်းနင်းမိတာပါ" ဟု ပြောသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသည့် ဒေါ်သိန်းနုတွင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်ဟုလည်းသိ၇သည်။

ချင်းပြည်နယ်ရှိ ဒေသခံအများစုမှာ တောတောင်ကို မှီခိုကာတောင်ယာစိုက်ခင်းလုပ်ငန်းကို အဓိကလုပ်ကိုင်စားသောက်ကြရသည်ဟု သိ၇သည်။

 

သို့သော်လက်ရှိတွင် အသက်အန္တရာယ်ထိခိုက်စေသော စစ်ကျန်မိုင်းလက်နက်များကြောင့်တောင်ယာစိုက်ခင်းများသို့သွားရောက်လုပ်ကိုင်ရန်စိုးရိမ်စိတ်ပူမှုများရှိနေကြသည်ဟုလည်း ဆမီးဒေသခံများက ပြောသည်။

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.