(တပ်သားအချို့ထိခိုက်ဒဏ်ရာ၇ဟု သတင်းထွက်ပေါ် )
သဉ္ဇာနွယ်၊နိရဉ္စရာ၊ စက်တင်ဘာ ၂ /၂၀၂၄
ရခိုင်ပြည်၊ စစ်တွေမြို့ အခြေစိုက်ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) ဌာနချုပ်ရုံးအနီးတွင် စက်တင်ဘာ ၁ ရက် နေ့က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသတင်းရရှိသည်။
စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရုံ
" မနေ့ညနေလောက်မှာဒကစ ရုံးမှာ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေ
လက်နက်ကြီးကျည်ကျရောက်မှုကြောင့်
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ် အရှေ့မြောက်ဘက်ရ မိုင်ခန့်အကွာတွင် တည်ရှိသည့် မင်းလှကျေးရွာတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်၃ ရက်အကြာတွင် ဒကစရုံး လက်နက်ကြီးဖြင့် တိုက်ခိုက်ခံ၇ခြင်းဖြစ်သည်။
စစ်ကောင်စီသည် စစ်တွေမြို့အား အာရက္ခတပ်တော် ဝင်တိုက်ခိုက်မည်ကိုစိုးရိမ်နေပြီး မြိုထဲကို အလွယ်တကူ ဝင်ထွက်၍ မရအောင် မြို့ပတ်လမ်းတစ်လျှောက်တွက် သံဆူးကြိုးများကာရန်ထားပြီး စစ်တပ်တပ်ရင်းများထဲတွင်သာမက တခြားအရေးကြီးသည့် လေယာဉ်ကွင်း အပါအဝင် နေရာအတော်များများတွင်လည်းဘန်ကာများ၊ ဗုံးခိုကျင်းများကို အခိုင်အမာပြုလုပ်ထားသည်။
၎င်းပြင် စစ်တွေမြို့နယ်အတွင်းမှ မွတ်ဆလင်ဒေသခံများအားလည်းစစ်မှုထမ်းရန် အပြင်းအထန် စုဆောင်းနေသည်ဟု ဒေသအတွင်း ခိုင်လုံသည့် သတင်းရင်းမြစ်များအရသိ၇သည်။
အာရက္ခတပ်တော် (AA)၏ဇူလိုင် ရ ရက်နေ့ ထုတ်ပြန်ချက်အထဲတွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅)တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓည၀တီ ရေတပ်ဌာနချုပ်တို့အားမိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းအပြင် စစ်ကောင်စီသည်လွန်ခဲ့သည့် သြဂုတ်လ၃၁ ရက်ညနေနေ့ ညနေပိုင်းမှစ၍ တညဉ့်လုံး စစ်တွေလက်နက်ကြီး အထိုင်စခန်းနှ
ပုဏ္ဏားကျွန်းနှ စစ်ရှောင်တစ်ဦးက" ဟိုစစ်တွေမြို့နယ်မှာ တိုက်ပွဲဖြစ်တဲ့နေ့ ကတည်းက စစ်ကောင်စီ ဖက်က လက်နက်ကျည်တွေ တရစပ်ပစ်နေတာမနေ့ကနဲ့ဆိုရင် ၃ ရက်ရှိပြီ။ ပုဏ္ဏားကျွန်းမြို့ပြင်နဲ့ လယ်ကွ
ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီ၏ အရေးပါသော တပ်စခန်းကြီးများကိုဖြတ်တောက်ပိတ်ဆို့ထားပြီးဖြစ်
အမ်း၊ နပခဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓည၀တီရေတပ်ဌာနချုပ် တို့အား ဖြတ်တောက်ပိတ်ဆို့ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကိုထိုးစစ်ဆင် တိုက်ခိုက်နေကြောင်းAA၏ထုတ်ပြန်ချက်အရသိ၇သည်။
စစ်တွေ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)သည် အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ပြီးလျှင် ၇ခိုင်ပြည်၌အခြေစိုက်ထားသည့် အကြီးဆုံး စစ်ကောင်စီ၏ ဌာနချုပ်တစ်ခုဖြစ်သည်။